ဗန်ဟား

A d v e r t i s e m e n t With Us

December 14, 2020

မန်ယူနိုက်တက်ကို ပြောင်းခဲ့သည့် ဗန်ဒိဘိခ်၏ ဆုံးဖြတ်ချက် မှားယွင်းဟု ဗန်ဟား ပြော

မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒွန်နီဗန်ဒီဘိခ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ ယူနိုက်တက်နည်းပြဟောင်း လူးဝစ္စဗန်ဟားက ပြောပါတယ်။ ဗန်ဒီဘိခ်ဟာ အိုင်းယတ်ဇ်အသင်းနဲ့အတူ အလားအလာကောင်းတဲ့ ဗဟိုကွင်းလယ်လူ တစ်ဦးအဖြစ် ထွန်းတောက်လာခဲ့သူဖြစ်ပြီး သူ့ခြေစွမ်းကြောင့် အခုနှစ် စက်တင်ဘာလမှာ ဆိုးလ်ရှားက ယူနိုက်တက်အသင်းဆီ ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၂၃ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ဆိုးလ်ရှား လက်အောက်မှာ ပုံမှန်ကစားခွင့်ရရှိဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် ၂ ကြိမ်သာ ရှိထားပါတယ်။ သူ့ရဲ့ပွဲကစားချိန်အများစုကိုလည်း လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဗန်ဒီဘိခ်ဟာ ဒီဇင်ဘာအစပိုင်း ဝက်စ်ဟမ်းနဲ့ပွဲမှာ ရှားရှားပါးပါး ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့်လည်း ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပါတယ်။ သူ့ကို လူစားလဲချိန်မှာ ယူနိုက်တက်အသင်းဟာ ၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပေမဲ့ လူစားလဲပြီး ဒုတိယပိုင်းမှာတော့ ၃ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ ဗန်ဒီဘိခ်အနေနဲ့ ဒီလိုရုန်းကန်ရမယ်ဆိုတာကို ကြိုတင် ခန့်မှန်းမိခဲ့တယ်လို့ ဗန်ဟားက ပြောပါတယ်။ ဒါပေမဲ့ ကစားသမားအတွက် အသင်းနဲ့ ပိုပြီးအံဝင်ခွင်ကျ ဖြစ်လာမယ့်အချိန်လည်း ရောက်ရှိလာမယ်လို့ သူက ယုံကြည်နေပါတယ်။ ယူနိုက်တက်နည်းပြဟောင်းက ဗန်ဟားက “ဒီလို ဖြစ်လာမယ်လို့ ကျနော် ထင်ခဲ့ပါတယ်။ ဒွန်နီအနေနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ မထင်ပါဘူး။ ခင်ဗျားအနေနဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို ပိုင်ဆိုင်ထားတယ်ဆိုရင် ဗန်ဒီဘိခ်ကို ဘယ်နေရာမှာ သွားသုံးမလဲ။ သူဟာ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့လို ကွာတလီမျိုးရှိတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ အခုလက်ရှိ အနေအထားအရ ပေါ့ဘာတောင် တခါတလေမှ ပွဲထွက်ခွင့်ရနေတာကို ဗန်ဒီဘိခ်ဆို ဘယ်လို ဖြစ်လာမလဲ။ ခင်ဗျားလည်း ဒါကို အရင်ကတည်းက ကြိုမြင်နိုင်မယ် ထင်ပါတယ်။ သူ့အတွက် ပိုကောင်းလာနိုင်တဲ့ ထိပ်သီးအဆင့်အသင်းတွေ အများကြီးကို ရွေးချယ်စရာရှိခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ယောက်ပါ” လို့  တနိုင်ငံတည်းသား ကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး ပြောပါတယ်။  ကွင်းလယ်ကစားသမားဟာ အသင်းမှာ ရုန်းကန်နေရပေမယ့် သူ့ရဲ့ ယူနိုက်တက်က ကစားသမားဘဝဟာ အစပိုင်းမှာပဲ ရှိပါသေးတယ်။ ဗန်ဒီဘိခ်မတိုင်ခင် ကစားသမားတွေဟာလည်း ပရီးမီးယားလိဂ်ကို ရောက်လာလာချင်းမှာ ရုန်းကန်ခဲ့ရတာမျိုး ရှိခဲ့ပြီး နောင်လာမယ့် ပွဲကြပ်ကာလက သူ့အတွက် ပွဲကစားခွင့်ရရှိဖို့ အခွင့်အရေးဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနှစ်မကုန်ခင် ၅ ပွဲ ကစားရဖို့ရှိနေတာ ဖြစ်ပြီး ဒီကာလမှာ ဆိုးလ်ရှားအနေနဲ့ အလှည့်ကျစနစ်ကို မဖြစ်မနေ အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဗန်ဒီဘိခ်နေနဲ့ ပွဲကစားခွင့်တွေ ရရှိလာနိုင်ပြီး ပွဲထွက်ခွင့်အတွက် ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသရမှာ ဖြစ်ပါတယ်။
3 months Ago

March 15, 2020

ဖာဂူဆန်၊ ဗန်ဟားနှင့် မော်ရင်ဟိုတို့ကို အတုယူပြီး နည်းပြဖြစ်ချင်သည့် ရွန်းနီ

နည်းပြဘဝကို ကူးပြောင်းဖြစ်ခဲ့ရင် မန်ချက်စတာယူနိုက်တက်အသင်း နည်းပြဟောင်းတွေဆီက ဘယ်လိုအရာတွေကို အတုယူ အသုံးချသွားမလဲဆိုတာကို တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်းဟာ ယူနိုက်တက်အသင်းအတွက် ၁၃ နှစ် ကြာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၅ လုံးနဲ့ ချန်ပီယံလိဂ်ဖလား တကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ယူနိုက်တက် ကစားသမားဘဝအတွင်း ဖာဂူဆန်၊ ဗန်ဟား၊ မော်ရင်ဟို စတဲ့ ထိပ်တန်းနည်းပြတွေအပြင် မိုယတ်၊ ဂစ်တို့နဲ့ပါ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ရွန်းနီဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် အသင်းဟောင်း အဲဗာတန်ကို တရာသီ ပြန်လည်ပြောင်းရွှေ့ခဲ့ကာ နောက်ပိုင်းမှာတော့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို ရောက်ရှိခဲ့ပါတယ်။  အခုချိန်မှာတော့ သူဟာ အင်္ဂလန်ကလပ် ဒါဘီအသင်းကို ကစားသမား၊ နည်းပြအဖြစ် တာဝန်ယူနေသူဖြစ်ပြီး မဝေးတော့တဲ့ အနာဂတ်မှာ နည်းပြဘဝကို ခြေစုံပစ်ဝင်ရောက်ဖို့ အလားအလာရှိနေသူလည်း ဖြစ်ပါတယ်။ ရွန်းနီ “ဗန်ဟားရဲ့ ကြိုတင်ပြင်ဆင်မှု၊ ဖာဂီရဲ့ ကစားသမားတွေအပေါ် စီမံခန့်ခွဲမှုနဲ့ မော်ရင်ဟိုရဲ့ ခေါင်းမာမှုတွေဟာ ကျနော့်အထင်တော့ ခင်ဗျား လိုတဲ့အရာတွေ ဖြစ်လာနိုင်ပါတယ်” The Sunday Times သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဟောင်း ဆမ်အလာဒိုက်နဲ့ ပတ်သက်ပြီးလည်း ရွန်းနီက “ဆမ်အလာဒိုက်က သူ ဘာလိုချင်လဲဆိုတာကို သေသေချာချာ သိပါတယ်။ ခင်ဗျားအနေနဲ့ ခင်ဗျားအသင်းရဲ့ လုပ်နိုင်စွမ်းကိုသာ စီမံခန့်ခွဲနိုင်မှာဖြစ်ပြီး ဒါဟာ ဆမ် လုပ်ခဲ့တဲ့အရာပဲ။ ကျနော် ဒါကို လိုက်ပါဆောင်ရွက်နိုင်ခဲ့ပြီဆိုရင် ကျနော်ဟာ ကိုယ်ပိုင်ဟန်ပန်တခုကို ရယူနိုင်ပြီ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်‌။ အိုးထရက်ဖို့ဒ် ကစားသမားအဖြစ် ရှိနေစဉ် အချိန်တွေမှာ ရွန်းနီဟာ ဖာဂူဆန်နဲ့ အဓိက လက်တွဲခဲ့သူဖြစ်ပြီးတော့ နည်းပြဟောင်းကိုလည်း ချီးကျူးဂုဏ်ပြုပြောပါတယ်။ “သူဟာ တကယ့်ကို အံ့သြစရာကောင်းသူပါ။ သူ့ရဲ့အကြီးမားဆုံး အားသာချက်က သူဟာ လူတွေကို ယုံကြည်မှုရှိတာပါ။ သူဟာ သူ့နည်းပြတွေကို လေ့ကျင့်ရေမှာ ဦးဆောင်ခိုင်းဖို့ ယုံကြည်မှုရှိသူ ဖြစ်ပြီး ကစားသမားတွေအပေါ်လည်း ဒီလိုပါပဲ။ ကျနော်တို့ကို လူတွေက ဖာဂီ ကစားသမားတွေကို ဘာတွေပြောလဲ ခဏခဏ မေးလေ့ရှိပါတယ်။ သူ အသင်းအပေါ် အများဆုံး ပြောခဲ့တဲ့ စကားကတော့ ‘မင်းတို့ ၁၁ ယောက်က သူတို့အသင်းထက် ပိုကောင်းတယ်‌။ သွား၊ ကွင်းထဲဝင်ပြီးတော့ အနိုင်ယူပြလိုက်စမ်း’ ဆိုတာပါပဲ။” ရွန်းနီဟာ ယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုနဲ့ ၅ ရာသီ တွဲဖက်ကစားခဲ့ဖူးသူ ဖြစ်ပြီး သူနဲ့ ရော်နယ်ဒိုတို့ကြားမှာရှိတဲ့ အမှတ်တရတခုကိုလည်း အခုလိုပဲ ထုတ်ဖော်ပြောဆိုပါတယ်။  “ကျနော်တို့ ပွဲမကန်ရသေးတဲ့ ညတညက အဖြစ်အပျက်ကို မှတ်မိနေဆဲပါပဲ။ အဲဒီတုန်းက သူဟာ ပိန်ပိန်လေးပဲ ရှိနေပြီးတော့ သူ့ခန္ဓာကိုယ်ကို ကြီးထွားလာအောင် လုပ်နေပါတယ်။ သူဟာ ဟမ်ဘာဂါကြီးကြီးတခုကို စားချင်နေခဲ့ပြီးတော့ ကျနော် သူ့ကို မက်ဒေါ်နယ်ဆိုင်ကို ကားမောင်းပို့ပေးခဲ့ဖူးပါတယ်။”
12 months Ago
Up