ဗန်ပါစီ သုံးသပ်

August 18, 2019

အာဆင်နယ်နောက်တန်းပြဿနာ ဖြေရှင်းနိုင်ပါက အမှတ်ပိုရနိုင်ဟု ဗန်ပါစီ သုံးသပ်

အားနည်းနေတဲ့ နောက်ခံကစားသမားပြဿနာကိုသာ ဖြေရှင်းနိုင်ခဲ့မယ်ဆိုရရင် တရာသီအတွင်း  နောက်ထပ် ၁၀ မှတ်ကနေ ၁၂ မှတ်လောက် ပိုရလာနိုင်တယ်လို့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီက သုံးသပ်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ထောင့်ကန်ဘောတွေကနေ တဆင့်ထိုးဖောက်လာတာတွေကို ခုခံနိုင်ဖို့ အားနည်းနေသလို ခံစစ်ပြဿာနာကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် တရာသီကို ၁၂ မှတ်လောက်ထိ ပိုရနိုင်တယ်လို့ ဗန်ပါစီကပြောပါတယ်။  ဗန်ပါစီဟာ ၂၀၁၂ ခုနှစ်က အာဆင်နယ်အသင်း ပရိသတ်တွေကို အံ့အားသင့်စေခဲ့သူ ဖြစ်ပြီးတော့ ပေါင် ၂၄ သန်းနဲ့ ပြိုင်ဘက် မန်ချက်စတာယူနိုင်တက်အသင်းထံ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။ အဲလိုမျိုး ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်လို့ ဗန်ပါစီက အာဆင်နယ်အသင်းဟာ သူ့အပေါ်မှာ ညည်းငွေ့နေခဲ့ပြီးတော့ ဘယ်တော့မှ ကမ်းလှမ်းလာတာမရှိလို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။  ဗန်ပါစီဟာ အာဆင်နယ်အသင်းကနေ မထွက်ခွာမီက နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် ၅၇ ပွဲကစားရာမှာ ၄၄ ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ပေမယ့် အာဆင်နယ်ဘက်ကတော့ ဗန်ပါစီကို သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
Zawgyi Version အာဆင္နယ္ေနာက္တန္းျပႆနာ ေျဖရွင္းႏိုင္ပါက အမွတ္ပိုရႏိုင္ဟု ဗန္ပါစီ သုံးသပ္ DVB အားနည္းေနတဲ့ ေနာက္ခံကစားသမားျပႆနာကိုသာ ေျဖရွင္းႏိုင္ခဲ့မယ္ဆိုရရင္ တရာသီအတြင္း ေနာက္ထပ္ ၁၀ မွတ္ကေန ၁၂ မွတ္ေလာက္ ပိုရလာႏိုင္တယ္လို႔ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ေရာ္ဘင္ဗန္ပါစီက သုံးသပ္ေျပာၾကားလိုက္ပါတယ္။ အာဆင္နယ္အသင္းဟာ ေထာင့္ကန္ေဘာေတြကေန တဆင့္ထိုးေဖာက္လာတာေတြကို ခုခံႏိုင္ဖို႔ အားနည္းေနသလို ခံစစ္ျပႆာနာကိုသာ ေျဖရွင္းႏိုင္မယ္ဆိုရင္ တရာသီကို ၁၂ မွတ္ေလာက္ထိ ပိုရႏိုင္တယ္လို႔ ဗန္ပါစီကေျပာပါတယ္။ ဗန္ပါစီဟာ ၂၀၁၂ ခုႏွစ္က အာဆင္နယ္အသင္း ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့သူ ျဖစ္ၿပီးေတာ့ ေပါင္ ၂၄ သန္းနဲ႔ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုင္တက္အသင္းထံ ေျပာင္းေ႐ႊ႕သြားခဲ့သူ ျဖစ္ပါတယ္။ အဲလိုမ်ိဳး ေျပာင္းေ႐ႊ႕ခဲ့တာနဲ႔ ပတ္သက္လို႔ ဗန္ပါစီက အာဆင္နယ္အသင္းဟာ သူ႔အေပၚမွာ ညည္းေငြ႕ေနခဲ့ၿပီးေတာ့ ဘယ္ေတာ့မွ ကမ္းလွမ္းလာတာမရွိလို႔ ဆုံးျဖတ္ခဲ့ရတာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဗန္ပါစီဟာ အာဆင္နယ္အသင္းကေန မထြက္ခြာမီက ႏိုင္ငံအသင္းနဲ႔ ကလပ္အသင္းအတြက္ ၅၇ ပြဲကစားရာမွာ ၄၄ ဂိုးသြင္းယူၿပီး ေျခစြမ္းျပခဲ့ေပမယ့္ အာဆင္နယ္ဘက္ကေတာ့ ဗန္ပါစီကို သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈမရွိခဲ့ဘူးလို႔ သိရပါတယ္။
2 years Ago
Up