ဗန်ဒိုက်ဒူးဒဏ်ရာ

October 31, 2020

ဗန်ဒိုက်ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်ဟု လီဗာပူး ထုတ်ပြန်

နောက်တန်းသမား ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာကို အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ လီဗာပူးအသင်းက ထုတ်ပြန်လိုက်ပါတယ်။  အသက် ၂၉ နှစ်အရွယ် ဗန်ဒိုက်ဟာ အဲဗာတန်နဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ ဂိုးသမား ပစ်ဖို့နဲ့ တိုက်မိပြီး ဒဏ်ရာရခဲ့တာပါ။  လီဗာပူးအသင်းကတော့ ဗန်ဒိုက်အနေနဲ့ ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။  ဗန်ဒိုက်အနေနဲ့ ဘောလုံး ပြန်ကစားနိုင်ဖို့အတွက် လပေါင်း အတော်ကြာကြာ အချိန်ယူရနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။  နယ်သာလန် လက်ရွေးစင်ကစားသမား ဗန်ဒိုက်ဟာ လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
1 year Ago
Up