ဗန်ဒိုက်

November 21, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်ခဲ့သည့် မာနေးအတွက် ဝမ်းနည်းမိကြောင်း ဗန်ဒိုက်ဖွင့်ဟ

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တဲ့ အသင်းဖော်ဟောင်း မာနေးအတွက် ဝမ်းနည်းမိကြောင်း ဟော်လန် နောက်ခံလူ ဗန်ဒိုက်က ပြောပါတယ်။

ဟော်လန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီကနေ့ည ၁၀ နာရီခွဲမှာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။

အဲဒီပွဲစဉ်မှာဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေးက ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ဘဲ ပြိုင်ပွဲတစ်ခုလုံးနဲ့လည်း လွဲချော် တော့မှာပါ။

ဗန်ဒိုက်ကတော့ မာနေးရဲ့အလုပ်ကြိုးစားမှုနဲ့ မိခင်နိုင်ငံအတွက် ပေးဆပ်ကစားချင်တဲ့စိတ်ကို သိရှိသလို ဆီနီဂေါ အသင်းအတွက်လည်း မာနေးက အရေးပါတဲ့ကစားသမားဖြစ်တယ်လို့ ပြောပါတယ်။

ဒီအခြေအနေဟာ မာနေးအတွက် အလွန်ခက်ခဲမှာဖြစ်ပြီး သူ့အတွက် ဝမ်းနည်မိကြောင်း ဗန်ဒိုက်ကပြောပါတယ်။

ဆက်လက်ပြီးမာနေး မပါဝင်နိုင်တဲ့အတွက် ဟော်လန်အသင်း အတွက်လည်း အနည်းငယ် အကျိုးကျေးဇူးရှိနိုင်ကြောင်းလည်း ဗန်ဒိုက်က ဝန်ခံစကားဆိုခဲ့ပါတယ်။

ဗန်ဒိုက်နဲ့အတူ သတင်းစာရှင်းလင်းပွဲကို အတူတက်ခဲ့တဲ့ ဟော်လန်နည်းပြ ဗန်ဟားလ်ကတော့ သူ မန်ယူအသင်းမှာရှိစဉ်က မာနေးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း ပြောသွားပါတယ်။

3 weeks Ago

October 16, 2022

လီဗာပူးရလဒ်မကောင်းဖြစ်နေသည့်ကိစ္စ ရှင်းပြရန်ခက်ခဲဟု ဗန်ဒိုက် ပြော

လီဗာပူးအသင်း ရလဒ်မကောင်းဖြစ်နေတဲ့အပေါ် အကြောင်းပြချက်ပေးရန် ခက်ခဲကြောင်း နောက်ခံလူဗန်ဒိုက်က ပြောပါတယ်။

လီဗာပူးဟာ ပွဲစဉ် ၈ ပွဲကစားအပြီးမှာ  ၂ ပွဲသာအနိုင်ရထားပြီး အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးနဲ့ ၁၃ မှတ်၊ ပထမနေရာက အာဆင်နယ်နဲ့ ၁၄ မှတ် အထိ ကွာဟနေတာပါ။

ဒီလိုရလဒ်မကောင်းဖြစ်နေတဲ့အပေါ် တိုက်ရိုက်ဖြေရှင်းနည်းတစ်ခုရှာဖို့ ခက်ခဲပြီး အသင်းသားအားလုံး စုစည်းညီညွတ်စွာနဲ့ ကစားသွားရမှာဖြစ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။

အလုပ်ကြိုးစားမှုတွေနဲ့ ခြေစွမ်းတိုးတက်လာမှုတွေကို ဆက်ထိန်းသွားရမှာဖြစ်ကြောင်းလည်း ဗန်ဒိုက်က ပြောသွားပါတယ်။ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ဟာ ဒီကနေ့ ည ၁၀ နာရီမှာ အမ်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ 

2 months Ago
More News
Up