ဗန်ဒါးဆား

May 14, 2020

မန်ယူအသင်း ကစားသမားသစ်များ ဝယ်ယူရန် ဗန်ဒါးဆား တိုက်တွန်း 

မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့ဆိုရင် ကစားသမားသစ် ၂ ဦး၊ ၃ ဦးလောက် ဝယ်ယူဖို့ ဂိုးသမားဟောင်း ဗန်ဒါးဆားက တိုက်တွန်းလိုက်ပါတယ်။  မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ဂိုးသမားကြီး ဗန်ဒါးဆားဟာ လက်ရှိအချိန်မှာ ဟော်လန်ကလပ် အေဂျက်ဇ်အသင်းရဲ့ စီအီးအိုအဖြစ် တာဝန်ယူနေပါတယ်။  အသင်းဟောင်း ယူနိုက်တက်အသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အကြံပေးမှုတခု ပြုလုပ်ရာမှာတော့ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့နဲ့ ယှဉ်ပြီး ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုတယ်လို့ ပြောတာပါ။  ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲမရပ်နားခင်က ၂ လလောက်အတွင်းမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကောင်းတွေကို အနိုင်ယူခဲ့တယ်လို့ ဗန်ဒါးဆားက ပြောပါတယ်။  အရေးကြီးဆုံးကိစ္စက လာမယ့်နှစ်အတွက် ပြင်ဆင်မှုပြုလုပ်ဖို့ဖြစ်ပြီး နောက်ထပ် ကစားသမားသစ် ၂ ဦး၊ ၃ ဦးလောက် ခေါ်ယူမှသာ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်မယ်လို့ ပြောပါတယ်။ မန်ယူအသင်းဟာ လတ်တလော သတင်းတွေအရတော့ အက်စ်တွန်ဗီလာက ဂျက်ဂရီးလစ်ချ်၊ ဒေါ့မွန်က ဂျေဒန်ဆန်ချိုတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
11 months Ago
Up