ဗန်ဒါဘိခ်

June 30, 2020

ကစားသမား ၃ ဦး ရောင်းချမည်ဟု အေဂျက်ဇ်နည်းပြ ပြော

အေဂျက်ဇ်ကစားသမား ၃ ဦးကို မှန်ကန်တဲ့ ဈေးနှုန်းရရှိရင် ရောင်းချသွားဖို့ရှိတယ်လို့ အသင်းနည်းပြ တမ်ဟက်ချ်က ဝန်ခံလိုက်ပါတယ်။  ကွင်းလယ်လူ ဗန်ဒါဘိခ်၊ ဂိုးသမား အိုနာနာနဲ့ နောက်ခံလူ တက်ဂ်လီယာဖီကိုတို့ ဖြစ်ပြီး ကစားသမားတွေနဲ့လည်း သဘောတူညီမှုတခု ရရှိထားတယ်လို့ သိရပါတယ်။  ဟော်လန်ကွင်းလယ်လူ ဗန်ဒါဘိခ်ကို ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အသင်းစီအီးအို ဗန်ဒါးဆာက အတည်ပြုထားပါတယ်။  ကင်မရွန်းဂိုးသမား အိုနာနာကိုလည်း ချဲလ်ဆီးအသင်းကခေါ်ယူလိုနေတာပါ။ အာဂျင်တီးနား ဘယ်နောက်ခံလူ နီကိုလပ် တက်ဂ်လီယာဖီကို ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  အဲဒီ ကစားသမား ၃ ဦးဟာ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ရည်မှန်းချက်အလိုက် တခြားလိဂ်မှာ ပြောင်းရွှေ့ကစားလိုကြတယ်လို့ အေဂျက်ဇ်နည်းပြက ပြောပါတယ်။  အေဂျက်ဇ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဖရန့်ကီဒီယွန်း၊ ဒီလစ်တို့ကို ရောင်းချခဲ့ပါတယ်။ အခုနှစ်မှာလည်း တိုက်စစ်မှူး ဇီယက်ချ်ကို ချဲလ်ဆီးအသင်းဆီ ရောင်းချထားပြီး ဖြစ်ပါတယ်။
12 months Ago

June 21, 2020

ကစားသမားသစ်များ ထပ်ခေါ်ရန် မန်ယူအသင်းကို ဂစ် တိုက်တွန်း

မန်ယူအသင်းအနေနဲ့ ပြိုင်ဘက် မန်စီးတီးကို ယှဉ်နိုင်ဖို့ ကစားသမားသစ် သုံး လေးဦး ဝယ်ယူဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ အသင်းဂန္ထဝင်ကစားသမား ရွိုင်ယန်ဂစ်က ပြောပါတယ်။  မန်ယူအသင်းဟာ လတ်တလောမှာ အက်စ်တွန်ဗီလာ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။  ဂရီလစ်ချ်က မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ရှိပေမဲ့ သူ့ကို ခေါ်ယူနိုင်တဲ့တိုင်အောင် မန်စီးတီးအသင်းကို ယှဉ်နိုင်ဖို့ မလုံလောက်သေးဘဲ အထောင်တိုက်စစ်မှူးသစ်တဦး ဝယ်ယူဖို့လည်း လိုအပ်တယ်လို့ ဂစ်က ပြောပါတယ်။  ယူနိုက်တက်တိုက်စစ်မှာ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ကစားနေပြီး အီဂါလိုကိုလည်း အငှားစာချုပ်နဲ့ ခေါ်ယူထားတာပါ။  အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ တွဲဖက်ကစားတာ မြင်ရတာကတော့ စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ဂစ်က ချီးကျူးခဲ့ပါတယ်။  မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် ပစ်မှတ်ထားခေါ်ယူမယ်လို့ သတင်းထွက်နေတဲ့ ကစားသမာစာရင်းမှာ ဒေါ့မွန်က ဂျေဒန်ဆန်ချို နဲ့ အေဂျက်ဇ် ကွင်းလယ်လူ ဗန်ဒါဘိခ်တို့လည်း ပါဝင်နေပါတယ်။
12 months Ago
More News
Up