ဗန်ဂျင်ကယ်

June 27, 2020

၂ နှစ်အတွင်း ပွဲမကစားနိုင်ခဲ့သည့် ဗန်ဂျင်ကယ်ကို ချဲလ်ဆီးအသင်း သက်တမ်းတိုး

ချဲလ်ဆီးအသင်းဟာ ၂ နှစ်အတွင်းမှာ ပွဲကစားပေးနိုင်ခြင်းမရှိခဲ့တဲ့ ကွင်းလယ်လူ ဗန်ဂျင်ကယ်ကို တစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။  အသက် ၂၇ နှစ်ရှိ ဟော်လန်ကွင်းလယ်လူ ဗန်ဂျင်ကယ်ဟာ ၂၀၁၃ ခုနှစ်ကတည်း ဟော်လန်ကလပ် ဗစ်တက်ဆီကနေ ပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။  အဲဒီနောက် အေစီမီလန်၊ စတုတ်စီးတီးနဲ့ ပီအက်စ်ဗွီ အသင်းတွေမှာ ၅ ရာသီကြာ အငှားထွက် ကစားခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်က ချဲလ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပေမဲ့ ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့်  ၂ နှစ်အတွင်းမှာ တစ်ပွဲမှ ကစားပေးနိုင်ခြင်း မရှိခဲ့တာပါ။  ဗန်ဂျင်ကယ်ဟာ တပတ် လုပ်ခပေါင် ၂၈၀၀၀ လောက် ရရှိနေတာကြောင့် ချဲလ်ဆီးအသင်းက ပေါင် ၁၀ သန်းလောက်  ပေးချေခဲ့ရပါတယ်။  အသင်းအတွက် ၄ ပွဲသာ ကစားနိုင်ခဲ့တာကြောင့် ပွဲကစားချိန် တစ်မိနစ်ကို ပေါင် ၁ သိန်းနဲ့ ၅ ထောင်လောက် ပေးရသလို ဖြစ်နေခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းစာက ရေးသားခဲ့ပါတယ်။  ဗန်ဂျင်ကယ်ဟာ  အေစီမီလန်၊ စတုတ်စီးတီးနဲ့ ပီအက်စ်ဗွီအသင်းတွေမှာ အငှားထွက်ကစားခဲ့တဲ့ ၅ နှစ်အတွင်းမှာတော့ စုစုပေါင်း ၆၄ ပွဲကစားခဲ့ပြီး ၃၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
11 months Ago
Up