ဗန်းမော်

A d v e r t i s e m e n t With Us

February 9, 2019

ဗန်းမော်မြို့ အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ်လျော့ပါးရေး အဆောက်အဦ မီးလောင်

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ် လျော့ပါးရေး အဆောက်အဦ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့ မနက် ၆ နာရီ ၂၅ မိနစ်လောက်က ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ အာရှ ဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ်လျော့ပါးရေးအဖွဲ့အစည်းရုံး အဆာက်အဦအတွင်း ဆေးဝါးများ သိုလှောင်ဖို့ အသုံးပြုတဲ့ ရေခဲသေတ္တာ ၃ လုံးကို ဆက်သွယ်ထားတဲ့ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် သွပ်မိုး/ ပျဉ်ကာ/ ပျဉ်ခင်း အုတ်ခံ ၂ ထပ် အဆောက်အဦ ၁ လုံး၊ ဆေးဝါးတွေနဲ့ ရုံးသုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး မနက် ၆ နာရီ ၅၀ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ညောင်ပင်ရပ်ကွက် ဗန်းမော်မြို့နေသူ ဦးနော်ပအား ဗန်းမော်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago

October 5, 2015

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးအဖြစ် ဗန်းမော်မြို့သို့ ဆက်လက်ထွက်ခွာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်ကို ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာ ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့က စတင်ခဲ့တဲ့ ဒီခရီးစဉ်မှာ ကချင်ပြည်နယ်ထဲက မြို့တွေဖြစ်တဲ့ မြစ်ကြီးနား၊ ဝိုင်းမှော်၊ မိုးကောင်း၊ မိုးညှင်း၊ တနိုင်း၊ ဟိုပင် စတဲ့ မြို့တွေက ဒေသခံလူထုတွေကို မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ခရီးစဉ်မှာတော့ ဗန်းမော်ဒေသခံတွေနဲ့ မန်စီ ကွင်းမှာ တွေဆုံမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို အောက်တိုဘာ ၆ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။
5 years Ago
Up