ဗန်းမောက်မြို့နယ်တွင် ဘိန်းဖြူ များနှင့် လက်လုပ်တူမီးသေနတ် ၁ လက် ဖမ်းဆီးရမိ

April 12, 2016

ဗန်းမောက်မြို့နယ်တွင် ဘိန်းဖြူ များနှင့် လက်လုပ်တူမီးသေနတ် ၁ လက် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ဟောယောကျေးရွာအနီးမှာ မူးယစ်ဆေးဝါး ဘိန်းဖြူ တန်ဘိုးကျပ် ၉၅ သိန်းခန့်နဲ့ လက်လုပ်တူမီးသေနတ် ၁ လက်တို့ကို ဧပြီ ၁၁ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဧပြီ ၁၁ ရက်နေ့ မနက် ၄ နာရီခွဲအချိန် ဗန်းမောက်မြို့နယ် မံစီကြီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဟာ ဟောယောရွာ မြောက်ဘက် ၁ မိုင်ခန့်အကွာ မောက်ဆွတ်ကွင်းအတွင်းမှာ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ သတင်းအရရှိတဲ့အတွက် ဝင်ရောက်ရှာဖွေရာ ကိုစံချစ်၊ ကိုစိုးဝင်းအောင်နှင့် ကိုကျော်မြင့်ဦးတို့ထံ ကနေ ကျပ် ၉၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူ စုစုပေါင်း ၉၅ ဂရမ်နဲ့အတူ လက်လုပ်တူမီးသေနတ် ၁ လက်တို့ကို တွေ့ရှိခဲ့ပါတယ်။ မံစီကြီးနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိတဲ့ ဗန်းမောက်မြို့နယ် ဟောယောရွာနေ ကိုစိုးဝင်းအောင်၊ စံချစ်နဲ့ ကိုကျော်မြင့်ဦးတို့ကို မယ(ပ)၁၂/၂၀၁၆၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁/၂၂(ခ) အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
6 years Ago
Up