ဗန်ဂေါ

September 12, 2015

အာဏာရှင် မဟုတ်ဟု မန်ယူနည်းပြပြော

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ လူးဝစ်ဗန်ဂေါက အာဏာရှင်မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အ၀တ်လဲခန်းက ဖြစ်ရပ်တွေကြောင့် ကစားသမားတွေက အသင်းမှာ မပျော်ရွှင် ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ ဗန်ဂေါက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတယ်လို့ ဘီဘီစီသတင်းမှာ ရေးပါတယ်။ အာဏာရှင်မဟုတ်ဘဲ အပြောကောင်းသူတယောက် ဖြစ်တယ်လို့ ဗန်ဂေါက ပြောပါတယ်။ သတင်းစာတွေမှာလည်း လေ့ကျင့်ခန်းမှာ တွေ့ကြုံရတဲ့ ပြဿနာနဲ့ ကစားသမားတွေကို လူရှေ့သူရှေ့မှာ အပြစ်တင်တတ်တာတွေကို ရေးသားနေပါတယ်။ အ၀တ်လဲခန်းက အခြေအနေက မလတ်ဆတ်ဘူးလို့ ရွန်နီနဲ့ ကာရစ်ကလည်း ပြောဆိုခဲ့ဖူးပါတယ်။ တချို့ကစားသမားတွေက အ၀တ်လဲခန်းမှာ ပြောဆိုတဲ့အရာတွေနဲ့ ပတ်သက်ပြီးတော့ တောင်းပန်တာတွေရှိတယ်လို့ ဗန်ဂေါက ပြောပါတယ်။
6 years Ago

August 14, 2015

မန်ယူအတွက် ကစားပေးရန် စိတ်အား ထက်သန်ခြင်းမရှိဟု ဒီဂီယာ ပြော

ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ ချန်လှပ်ခံထားရတဲ့အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးဖို့ စိတ်ထက်သန်မှု မရှိဘူးလို့ ဂိုးသမား ဒီဂီယာ က ပြောပါတယ်။ ဂိုးနည်းပြ ဖရန့်ဟေးကို ရာနှုန်းပြည့် အာရုံမစိုက်နိုင်ဘူးလို့ ဒီဂီယာက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒီဂီယာကို စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ်အသင်းက ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးမှာ အသက် ၂၄ နှစ်အရွယ် ဂိုးသမား ဒီဂီယာကို အပြောင်းအရွှေ့ကာလ မပိတ်မချင်း နည်းပြ ဗန်ဂေါက အသုံးပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဗန်ဂေါက ဒီဂီယာကို လေ့ကျင့်ရေးကွင်းမှာ စောင့်ကြည့်နေသလို အရင်ကနဲ့မတူတဲ့ သူ့စိတ်အခြေအနေက ကစားဖို့အတွက် ပုံမှန်ဖြစ်ပြီလို့ မယုံကြည်သေးတဲ့အကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ တော့တင်ဟမ်နဲ့ပွဲမှာ အာဂျင်တီးနား ဂိုးသမား ရိုမီရိုကို မန်ယူက အသုံးပြုခဲ့သလို လာမယ့် အက်စ်တွန်ဗီလာနဲ့ ပွဲအတွက်လည်း ဒီဂီယာကို ချန်လှပ်ထားနိုင်တယ်လို့ ဆိုပါတယ်။
6 years Ago
More News
Up