ဗန်နီဗင်တူအသင်း (ရုပ်သံ)

December 4, 2017

ဂိုးသမား၏ သွင်းဂိုးကြောင့် စီးရီးအေ ၁၅ ပွဲတွင် ၁ မှတ်ရခဲ့သည့် ဗန်နီဗင်တူအသင်း (ရုပ်သံ)

အီတလီ စီးရီးအေ ပွဲစဉ် ၁၅ မှာ တန်းတက် ဗန်နီဗင်တူအသင်းက ဂိုးသမားဘရစ်နိုလီရဲ့ ပွဲပြီးခါနီးဂိုးနဲ့  အေစီ မီလန်အသင်းကို ၂ ဂိုးစီသရေကစားပြီး ပထမဆုံးအမှတ် စတင်ရရှိသွားပါတယ်။ အေစီမီလန်အသင်းဟာ ပွဲချိန် ၅၇ မိနစ်အထိ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရနေပေမယ့် နာကျင်အချိန်ပိုမှာ ဖရီးကစ်ကနေတဆင့် ဂိုးသမား ဘရစ်နိုလီက ခေါင်းတိုက်သွင်းယူသွားတာပါ။ တန်းတက် ဗန်နီဗင်တူဟာ သူတို့အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် စီးရီးအေ ကို တက်လှမ်းခွင့်ရတာဖြစ်ပြီး ပွဲစဉ် ၁၅ ကျမှ ပထမဆုံးအမှတ် စတင်ရရှိသွားတာပါ။ ချေပဂိုးသွင်းယူခဲ့တဲ့ ဘရစ်နိုလီဟာ ဂျုဗင်တပ်အသင်းကနေ အငှားလာရောက်ကစားတာဖြစ်ပြီး ဂိုးသမားတဦးဖြစ်ပေမယ့် အရေးပါတဲ့ ချေပဂိုး သွင်းနိုင်ခဲ့လို့ ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။
3 years Ago
Up