ဗန်ဒိုက်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူး ခေါ်ယူ

December 28, 2017

ဗန်ဒိုက်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူး ခေါ်ယူ

ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ကို လီဗာပူးအသင်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူလိုက်ပါတယ်။ ဗန်ဒိုက်ကို ပေါင် ၇၅ သန်းပေးပြီး ခေါ်ယူတဲ့အတွက် နောက်တန်းကစားသမားတွေထဲမှာ ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက မိုနာကို နောက်တန်းကစားသမား မန်ဒီကို မန်စီးတီးက ပေါင် ၅၂ သန်းပေးပြီး စံချိန်တင် ခေါ်ယူထားပါတယ်။ အသက် ၂၆ နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဗန်ဒိုက်ကို ဆောက်သမ်တန်အသင်းက ပြီးခဲ့တဲ့နှစ်ထဲမှာ ၆ နှစ်စာချုပ်နဲ့ သက်တမ်းတိုးထားပါတယ်။ ဆောက်သမ်တန်က ဗန်ဒိုက်ကို ၂၀၁၅ မှာ ဆဲလ်တစ်အသင်းကနေ ပေါင် ၁၃ သန်းနဲ့ ခေါ်ယူထားတာပါ။ လီဗာပူးအနေနဲ့ နောက်တန်းကစားသမား ဗန်ဒိုက်ဝတ်ဆင်မယ့် တီရှပ်နံပါတ်ကို ကြေညာပေးမှာ ဖြစ်ပါတယ်။
3 years Ago
Up