ဗန်ဒိုက်ကို ရောင်းချပြီးနောက် ဆောက်သမ်တန် လူသစ်ခေါ်ရန် ပြင်ဆင်

December 29, 2017

ဗန်ဒိုက်ကို ရောင်းချပြီးနောက် ဆောက်သမ်တန် လူသစ်ခေါ်ရန် ပြင်ဆင်

ဆောက်သမ်တန်အသင်းဟာ အာဆင်နယ်တိုက်စစ်မှူး သီယိုဝဲလ်ကော့၊ လီဗာပူးတိုက်စစ်မှူး ဒန်နီရယ်စတာရစ်ခ်ျ၊ ဆွမ်ဆီးနောက်ခံလူ အဲလ်ဖီးလ်မော်ဆင်၊ နာမည်ကြီးနေတဲ့ ဖူလ်ဟမ်လူငယ်နောက်ခံလူ ဆက်ဆနွန်တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ နောက်ခံလူ ဗန်ဒိုက်ကို ပေါင် ၇၅ သန်းနဲ့ လီဗာပူးအသင်းကို ရောင်းချခဲ့ပြီးနောက် အခုလို ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်နေတာပါ။ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ နည်းပြ ပယ်လီဂရီနိုရဲ့ ဆောက်သမ်တန်အသင်းဟာ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာမှာ ရှိနေပြီး စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပါတယ်။ သူတို့အသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရရှိဖို့အတွက် နောက်ခံလူ ဗန်ဒိုက်ကို ရောင်းချလို့ရတဲ့ ငွေတွေနဲ့ အသင်းကို အားဖြည့်ဖို့ ကြိုးပမ်းနေတာပဲပါ။ ဝဲလ်ကော့နဲ့ စတာရစ်ခ်ျတို့ဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် ပြောင်းရွှေ့လာဖို့ အခြေအနေကောင်းနေတယ်လို့ သိရပြီး ကျန်ကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေကတော့ မသေချာဘူးလို့ သုံးသပ်နေကြပါတယ်။
4 years Ago
Up