ဗန်ဂိုး၏ ပန်းချီကားများကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားသည့်ရုပ်ရှင် ပြသ

October 11, 2017

ဗန်ဂိုး၏ ပန်းချီကားများကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားသည့်ရုပ်ရှင် ပြသ (ရုပ်သံ)

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးရဲ့ ပန်းချီကားတွေကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို အောက်တိုဘာ ၉ ရက်က လန်ဒန်မြို့မှာ စတင်ပြသခဲ့ပါတယ်။ ပန်းချီကားတွေနဲ့ ဇာတ်အိမ်ဆင်ထားတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင်ကား Loving Vincent လို့ နာမည်ပေးထားတဲ့ ရုပ်ရှင်မှာ ဗန်ဂိုးရဲ့ပန်းချီကား ၁၃၀ ကျော်ကို အသုံးပြု ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဟူးခ်ျဝယ်လ်ခ်ျမန် (Hugh Welchman) က ပန်းချီဆရာကြီး ဗန်ဂိုးကို ရုပ်ရှင်ရိုက်ဖို့ ရွေးချယ်ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “ဗင်းဆင့်က တော်တော်ထူးခြားတဲ့လူပါ။ သူဟာ သူ့ရဲ့ တကမ္ဘာလုံးကို ပန်းချီဆွဲခဲ့တာပါ။ ဆိုတော့ သူ့ရှူးဖိနပ်ကိုလည်း ဆွဲတယ်။ သူ့အိပ်ယာကိုလည်း ဆွဲတယ်။ သူ့အိပ်ယာကမြင်ရတဲ့ မြင်ကွင်းကိုလည်း ဆွဲတယ်။ သူစားတဲ့ အစားအစာကိုလည်း ဆွဲတယ်။ သူ့စားပွဲထိုးအကြောင်းလည်း ဆွဲတယ်။ ဒီတော့ ကျနော်တို့အတွက် ဗင်းဆင့်ရှုမြင်တဲ့ ကမ္ဘာလောကကြီးအကြောင်းနဲ့ ပတ်သက်တဲ့ ပန်ချီကားတခုရဖို့က တော်တော်လွယ်သွားတာပေါ့။ နောက်တချက်ကတော့ သူက မယုံနိုင်လောက်အောင် လွမ်းစရာ၊ နာစရာကောင်းတဲ့ ဇာတ်လမ်းရှိတဲ့သူပါ။ နှစ်ပေါင်း ၁၂၇ နှစ်လောက် ကြာပြီးတဲ့ နောက်ပိုင်းမှာလည်း လျှို့ဝှက်ဆန်းကြည်မှုတွေနဲ့ ပြည့်နေတဲ့သူပါ။ သူနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ဘယ်ဟာအမှန်လဲဆိုတာ လူတွေ အခုထိ မသိကြသေးပါဘူး။ ဆိုတော့ ကျေန်ာတို့ကားက ဗန်ဂိုး ဘာဖြစ်ခဲ့သလဲဆိုတာကို ထောက်လှမ်းဖော်ထုတ်တဲ့ ကားလိုမျိုးပါ” လို့ ပြောကြားသွားတာပါ။ ဒီရုပ်ရှင်ကားမှာ သုံးထားတဲ့ အန်နီမေးရှင်းတွေကို ကမ္ဘာတဝန်းက ပန်းချီဆရာ ၁၂၅ ဦးက ရေးဆွဲခဲ့တာပါ။ အဲဒီအလုပ်အတွက် ကမ္ဘာတဝန်းက ပန်းချီဆရာ ၄၀၀၀ ကျော် လျောက်ထားခဲ့ပြီး ၂၅၀ ကို ရွေးချယ်ကာ သုံးပတ်ကြာ လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက သူ့ကိုယ်သူတော့ အသည်းနှလုံးရှိတဲ့ သာမန်လူတယောက်လို့ ပုံဖော်ခဲ့တာပါ။ သူဟာ တစုံတရာကို ခံစားခဲ့ရတယ်ဆိုတာ ကမ္ဘာကြီးကို သိစေချင်ခဲ့သူပါ။ ဒါပေမယ့် ဒီကားအဆုံးမှာ သူဟာ သာမန်ထက်မကတဲ့ လူတယောက်ဆိုတာ ခံစားမိလာပါလိမ့်မယ်။ သူဟာ ကြီးကျယ်တဲ့ ပန်းချီဆရာ၊ ကြီးမြတ်တဲ့ လူသားတယောက်ပါ” လို့ သရုပ်ဆောင် လူးဝစ်ချယ်ဗယ်လီယာက ပြောပါတယ်။ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်း အကုန်ကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ ဗန်ဂိုးမသေခင် နောက်ဆုံးရက်သတ္တပတ်ကို အလေးထား ရိုက်ကူးထားတာပါ။ သူဟာ ၁၈၉၀ ခုနှစ် အသက် ၃၇ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်မိတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up