ဗစ်တိုးရီးယားပြည်နယ်

October 28, 2020

ဩစတြေးလျ၌ ၄၈ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်သူမရှိသဖြင့် ဆိုင်များ ပြန်ဖွင့်ခွင့်ပြု

ကိုဗစ်-၁၉ ကူးစက်မှု ဗဟိုချက်မဖြစ်ခဲ့တဲ့ သြစတြေးလျ ဗစ်တိုးရီးယားပြည်နယ်မှာ ၇ လကျော် ကာလအတွင်း ပထမဆုံးအကြိမ် အောက်တိုဘာ ၂၇ ရက်က ၄၈ နာရီအတွင်း အသစ်ကူးစက်သူ မရှိခဲ့ပါဘူး။ ဒါကြောင့် ဒုတိယလူဦးရေဦးအများဆုံး ဗစ်တိုးရီးယားပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်ကစလို့ မဲလ်ဘုန်းမြို့က ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုသွားမှာပါ။ ကူးစက်သူတွေ လျော့ကျပြီး ဆိုင်တွေ ပြန်ဖွင့်တော့မှာ ဖြစ်ပေမယ့် ဗစ်တိုးရီးယားပြည်နယ်ဟာ နေအိမ်တွင်း လူစုလူဝေး ကန့်သတ်ချက်တွေကိုတော့ အနည်းငယ်ပဲ ဖြေလျှော့ဦးမှာပါ။ နေ့စဉ် တစ်အိမ်ကတစ်အိမ် လည်ပတ်ခွင့်ကို အရွယ်ရောက်ပြီးသူ နှစ်ယောက်နဲ့ မှီခိုတွေကိုသာ ခွင့်ပြုပါတယ်။ သြစတြေးလျနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၇,၅၀၀ ကျော်သာရှိပြီး တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေထက် အများကြီး လျော့နည်းပါတယ်။ တနိုင်ငံလုံး သေဆုံးသူ ၉၀၅ ယောက်ရှိပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ ဗစ်တိုးရီးယားပြည်နယ်က ဖြစ်ပါတယ်။  ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးသူမရှိဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
1 year Ago

July 25, 2020

ဗစ်တိုးရီးယားပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် စံချိန်တင် တွေ့ရှိ

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းဟာ ဇူလိုင် ၂၅ ရက်နေ့မှာ စံချိန်တင်မြင့်မားခဲ့တယ်လို့ သိရပါတယ်။  ဒါဟာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေက ဘိုးဘွားတွေကို ကာကွယ်ဖို့နဲ့၊ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်အောင် အာဏာပိုင်တွေက ညွှန်ကြားချက်အသစ်တွေ ထုတ်လာစဉ်မှာပဲ ဖြစ်နေတာပါ။  နိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ ဗစ်တိုးရီးယားမှာ တညတည်း အသစ်တွေ့အတည်ပြုလူနာဦးရေ ၃၅၇ ဦးရှိခဲ့လို့ ဇူလိုင် ၂၄ ရက်က အယောက် ၃၀၀ တွေ့ခဲ့တာထက်ပို ပါတယ်။  စံချိန်တင် ကူးစက်နှုန်းဖြစ်ခဲ့တာကတော့ ဇူလိုင် ၂၂ ရက်နေ့ကဖြစ်ပြီး အဲဒီတုန်းက လူနာ ၄၈၃ ဦး တွေ့ခဲ့ပါတယ်။  ဗစ်တိုးရီးယားမှာ သီတင်းပတ်ခြောက်ပတ် လော့ဒေါင်းချထားတာ လာမယ့်အပတ်ဆို သုံးပတ်ပြည့်ပါပြီ။ ဒါပေမဲ့ သီတင်းပတ်ပေါင်းများစွာ အသစ်တွေ့လူနာတွေ များလာနေတာကြောင့် လော့ဒေါင်းကို သက်တမ်းထပ်တိုးဖို့ အလားအလာများနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up