ဗစ်တာမိုရေးစ်

March 5, 2020

ကော်စတာရီကာ သမ္မတရုံးဝန်ကြီး နုတ်ထွက်

ကော်စတာရီကာအစိုးရရဲ့ အဓိကမဟာမိတ်ဖြစ်သူ သမ္မတရုံးဝန်ကြီး ဗစ်တာမိုရေးစ်ဟာ မတ်လ ၄ ရက်မှာ ရာထူးက နုတ်ထွက်သွားပါတယ်။  သမ္မတ ကားလော့စ် အယ်လ်ဗာရာဒိုရဲ့ ကိုယ်ရေးအချက်အလက်တွေ ကျော်မကောင်း ကြား မကောင်း ပေါက်ကြားမှုကြောင့် စုံစမ်းစစ်ဆေးမှု ခံယူအပြီးမှာ ခုလို ရာထူးက နုတ်ထွက်ခဲ့တာပါ။  အစိုးရရဲ့ အရည်အချင်း အစွမ်းအစတွေကို အောင်အောင်မြင်မြင် ပံ့ပိုးဖို့ တရားရေး အဖွဲ့ဝင် တွေနဲ့ လုံလောက်တဲ့ အဆက်အဆံရှိတော့မှာမဟုတ်လို့ ရာထူးနုတ်ထွက်လွှာ တင်သွင်းတယ်လို့ မိုရေးစ်က ပြောပါတယ်။ အရင်သီတင်းပတ်က ရှေ့နေချုပ်ရုံးဟာ သမ္မတရုံးဝန်ကြီးဌာနရုံးချုပ်ကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။  ဒီအမှုနဲ့ပတ်သက်ပြီး အစိုးရနဲ့နီးစပ်တဲ့ တခြားအရာရှိ ၅ ယောက်လည်း အရင်အပတ်က နှုတ်ထွက်ခဲ့ပါတယ်။  “သတင်းအချက်အလက်တွေကို အကဲဖြတ်သုံးသပ်မှုဟာ ကောင်းမွန်တဲ့ ပြည်သူ့ မူဝါဒတွေ ချမှတ်ရာမှာ အဓိက ကျတယ်၊ ဒီအမှုမှာ ပါဝင်ပတ်သက်သူတွေဟာ သူ့အစိုးရအဖွဲ့ဝင်တွေ မဟုတ်တော့ဘူး” လို့ သမ္မတ အယ်လ်ဗာရာဒိုက မီဒီယာကို ပြောရင်း အမှုနဲ့ ကင်းကင်းနေဖို့ ကြိုးစားခဲ့ပါတယ်။
1 year Ago
Up