ဗစ်​တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေး ကျောက်ဆည်တွင် ဆန္ဒပြ

A d v e r t i s e m e n t With Us

July 14, 2019

ဗစ်​တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေး ကျောက်ဆည်တွင် ဆန္ဒပြ

နေပြည်​​တော်​ wisdom hill မူကြို​ကျောင်းမှ ကျောင်းသူက​လေးငယ်​ ဗစ်​တိုးရီးယား မဖွယ်မရာပြုကျင့်ခံရမှု အမှုမှန်​​ပေါ်​ပေါက်ရေးအတွက် ကျာက်ဆည်မြို့မှာ လူ ၂၀၀ နီးပါး ဆန္ဒထုတ်​​ဖော်ခဲ့ကြပါတယ်။ ဗစ်​တိုးရီးယားအတွက် ​အမှုမှန်​​ပေါ်​ပေါက်​​ဖို့နဲ့ သက်ငယ်မုဒိမ်းပပျောက်စေဖို့ မန္တလေးတိုင်း ကျောက်ဆည်မြို့အတွင်း လူစည်ကားရာ နေရာတွေမှာ  လမ်းလျှောက်ဆန္ဒခဲ့ကြတာပါ။ “ဗစ်တိုးရီးယားလေးအတွက် တရားမျှတမူရယ်၊ အမူမှန်ပေါ်ပေါက်ဖို့နဲ့ သက်ငယ်မုဒိမ်းတွေ ပပျောက်စေဖို့ရယ်၊ ဒီလိုမျိုးသက်ငယ်မုဒိမ်းမှုတွေ ဖြစ်လာခဲ့ရင် တရားခံကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးဖို့ပါ။ ဒီပြဿနာက တနိုင်ငံလုံးမှာဖြစ်နေတဲ့အတွက် မြို့တိုင်း မြို့တိုင်းက မိဘပြည်သူတွေ ရင်ထဲမှာ ခံစားနေရတာတွေကို အများပြည်သူသိအောင် ဒီဆန္ဒပြပွဲလေးလုပ်ပြီး မိဘတွေရဲ့ဆန္ဒကို ထုတ်ဖော်တဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့တာ” လို့ ဦးဆောင်သူ ကိုဖြိုးသီဟဇင်က ပြောပါတယ်။ ဆန္ဒပြသူတွေက  ဗစ်တိုးရီးယားအတွက် တရားမျှတမူရှိရေး၊ လူအဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ နောက်ထပ် ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ ကျနော်တို့မျိုးဆက်များ လုံခြုံစိတ်ချရသော လူ့အဖွဲ့အစည်းတခု ဖန်တီးနိုင်ရေး၊ သက်ငယ်မုဒိမ်းလျော့နည်းပပျောက်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပါတယ်။
2 years Ago
Up