ဗစ်တိုးရီးယားဘက်ခမ်း

February 14, 2018

နာမည်ကျော် ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်း ဆောင်းဦးရာသီ အဝတ်အစားဒီဇိုင်းများ ပြသ

နာမည်ကျော်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းဟာ နယူးယောက် ဖက်ရှင်သီတင်းပတ်မှာ  သူဖန်တီးထားတဲ့ ၂၀၁၈ ဆောင်းဦးရာသီ အဝတ်အစား ဒီဇိုင်းတွေကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြသလိုက်ပါတယ်။ ဗစ်တိုးရီးယားအတွက် ဒီနှစ်ဟာ ဖက်ရှင်နယ်ပယ်မှာ ဒီဇိုင်နာသက်တမ်း ၁၀ နှစ်ပြည့်လည်း ဖြစ်ပါတယ်။ အခုပြပွဲရဲ့ ထူးခြားလက်ရာအနေနဲ့ ကုတ်နဲ့ ဂျာကင်အင်္ကျီ၊ အထည်စုံ ၂၆ မျိုးစလုံးနီးပါးမှာ ခါးပတ်ပုံစံတွေ ထည့်ထားတာကို တွေ့ရမှာပါ။ အရွယ်အစားကြီးထားတဲ့ စွပ်ကျယ်အင်္ကျီတွေ၊ ခေါင်းစွပ်အင်္ကျီတွေနဲ့ ဆွယ်တာတွေကို အခုပြပွဲမှာ ပြသသွားပါတယ်။ ဗစ်တိုးရီးယားဟာ ဒီဇိုင်နာသက်တမ်း ၁၀ နှစ်ပြည့်ကို လန်ဒန် ဖက်ရှင်သီတင်းပတ်မှာ ပြပွဲပြုလုပ်ဖို့လည်း ရှိနေပါတယ်။ နယူးယောက် ဖက်ရှင်သီတင်းပတ်ကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
4 years Ago

September 18, 2015

ဘက်ခမ်းနှင့် အိမ်ထောင်ရေး ကမောက်ကမဖြစ်နေမှု ဗစ်တိုးရီးယား ငြင်း

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ အိမ်ထောင်ရေးမှာ ပြဿ    နာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကို ဇနီး ဗစ်တိုးရီးယား ဘက်ခမ်းက ငြင်းပယ်လိုက်ပါတယ်။ ဗစ်တိုးရီးယားက နောက်ကျောမှာ ထိုးထားတဲ့ ဘက်ခမ်းနာမည် တက်တူးကို ဖျက်လိုက်ပြီးတဲ့နောက် အခုလို သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဗြိတိန်သည်ဆန်း သတင်းစာကလည်း ဒီလင်မယားက သီးခြားခွဲနေတာ အတော်ကို ကြာပြီ ဖြစ်သလို ဘက်ခမ်းရဲ့ သူငယ်ချင်းရွေးချယ်မှုကို ဗစ်တိုးရီးယားက မကြိုက်ဘူးလို့ ရေးပါတယ်။ ဒါပေမယ့် ဘက်ခမ်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဒီသတင်းဟာ ဖွတဲ့သတင်းတွေသာဖြစ်ပြီး ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ သီတင်းပတ်ပေါင်းများစွာ အတူရှိနေတယ်လို့ ပြောပါတယ်။ ဗစ်တိုးရီးယားဟာ ဟီဘရူးဘာသာနဲ့ လည်ဂုတ်ကနေ နောက်ကျောမှာ ဒေးဗစ်ဘက်ခမ်းအတွက် ရည်ရွယ်ပြီး ရေးထိုးထားပါတယ်။ ဒါ့အပြင် လက်ကောက်ဝတ်မှာလည်း ဘက်ခမ်းအတွက် ရည်ရွယ်ပြီး တက်တူး ရေးထိုးထားပါသေးတယ်။
6 years Ago
Up