ဗစ်တာစကိုင်းကို မန်ယူ ခေါ်ယူ

April 28, 2018

ဆလိုဗက်ကီးယား လူငယ်ကစားသမား စဗစ်တာစကိုင်းကို မန်ယူ ခေါ်ယူ

  မန်ယူအသင်းဟာ ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတွေကို ကျော်ဖြတ်ပြီး ဆလိုဗက်ကီးယား လူငယ်ကြယ်ပွင့် စဗစ်တာစကိုင်းကို ခေါ်ယူလိုက်ပါတယ်။ အသက် ၁၅ နှစ်ပဲရှိသေးတဲ့ စဗစ်တာစကိုင်းဟာ ပြည်တွင်းကလပ် ပရီဆော့အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာပါ။ ကွင်းလယ်ကစာသမား စဗစ်တာစကိုင်းဟာ ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီး၊ အင်တာမီလန်၊ ဒေါ့မွန်နဲ့ ဆဲလ်တစ်အသင်းတွေမှာ ခြေစွမ်းစမ်းသပ် ခံယူခဲ့ပါတယ်။ ဒီအသင်းတွေထဲမှာ ချဲလ်ဆီးနဲ့ လီဗာပူးတို့က ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် မန်ယူအသင်းက ကြားဖြတ်ပြီး ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ စဗစ်တာစကိုင်းကို ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စင်ကာပူမှာ ကစားမယ့် ယူ ၁၆ အကယ်ဒမီပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။
3 years Ago
Up