ဗင်းနစ်မြို့

A d v e r t i s e m e n t With Us

December 24, 2019

ဗင်းနစ်မြို့တွင် ရေကြီးရေလျှံ ထပ်မံဖြစ်ပွားသဖြင့် ခရီးသွားလုပ်ငန်း ထိခိုက် 

အီတလီနိုင်ငံရဲ့ အထင်ကရ ဗင်းနစ်မြို့မှာ ဒီဇင်ဘာ ၂၃ ရက်က ရေကြီးရေလျှံ ဖြစ်နေပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေအကြား ရေပန်းစားတဲ့ ဗင်းနစ်မြို့ဟာ နိုဝင်ဘာလလယ်ကတည်းက နှစ်ပေါင်း ၁၄၇ နှစ်အတွင်း အဆိုးရွားဆုံး ဒီရေမြင့်တက်တဲ့ဒဏ် ခံစားခဲ့ရတာပါ။ အဲဒီအချိန်တုန်းက ၇ ရက်အတွင်း ၅ ပေနီးပါး စံချိန်တင် ဒီရေမြင့်တက်ခဲ့ပါတယ်။  ဒါ့အပြင် နိုဝင်ဘာလကလည်း နောက်တကြိမ် ရေကြီးလို့ ယူရိုငွေ ၁ ဘီလီယံခန့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး ဗင်းနစ်မြို့ အဓိကအားထားနေရတဲ့ ခရီးသွားလုပ်ငန်းကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့  မြို့တော်ဝန် လူအီဂျီဘရူနာရိုက ပြောပါတယ်။
1 year Ago
Up