ကိုလံဘီယာက နယ်စပ်တွေကို ပိတ်တယ်လို့ ကြေညာထားတာမို့ မတ်လ ၁၆ ရက်က တရားမဝင် နယ်စပ်ဖြတ်ဝင်လာတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေကိုကို ကိုလံဘီယာ ရဲတပ်ဖွဲ့ တားဆီးခဲ့ပါတယ်။
ကိုလံဘီယာ သမ္မတက ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးဖို့အတွက် နယ်စပ်အားလုံးကို မတ်လ ၁၇ ရက်ကနေ ၃၀ ရက်အထိ ပိတ်ပစ်မယ်လို့ ကြေညာခဲ့ပါတယ်။ ကိုလံဘီယာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၄ ယောက် ရှိနေပါတယ်။
ဒီနေ့မနက် ၁၁ နာရီအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၂၆၀၉ ယောက်၊ သေဆုံးသူ ၇၁၇၁ ယောက်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇၉၈၈၃ ယောက်ရှိတယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နယ်စပ်အားလုံးပိတ်ပစ်ဖို့ ကြေညာလိုက်တဲ့ ကိုလံဘီယာ သမ္မတကို ဗင်နီဇွဲလားကလည်း ဝေဖန်ခဲ့ပါတယ်။
ဗင်နီဇွဲလားမှာတော့ ကိုရီုနာဗိုင်းရပ်စ်ကူးစက်သူ ၃၃ ယောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
12 months Ago