ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ကိုယ်စားပြုတဲ့ ကိုလံဘီယာက သံရုံးဟာ ဗင်နီဇွဲလားနိုင်ငံသားတွေကို အခြေခံစားသောက်ကုန် အိတ်ငါးရာ ဝေငှပေးခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံသားတွေ အများအပြားဟာ ကိုလံဘီယာနိုင်ငံထဲမှာ နေထိုင်နေကြပြီး လော့ဒေါင်းကြောင့် အလုပ်အကိုင်မရှိသလို ဝင်ငွေလည်း မရှိ ဖြစ်နေတာပါ။
ဒီအစားအစာဝေငှတဲ့ အစီအစဉ်က သံရုံးနဲ့ ကိုလံဘီယာဖေါင်ဒေးရှင်း “ဟွန်ဒိုဆက်-ပွဲဒယ် “တို့ ကြား ပူးပေါင်းပြုလုပ်တာဖြစ်ပြီး နွမ်းပါးတဲ့ ကိုလံဘီယာနဲ့ ဗင်နီဇွဲလားပြည်သူတွေကို ကူညီဖို့ ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းဖြစ်နေတာကြောင့် နိုင်ငံသားရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီပြီး ကိုလံဘီယာမှာ ရောက်ရှိနေတာပါ။
အခြေခံအစားအစာ ထောက်ပံ့မှုတွေကို ဦးစားပေးအနေနဲ့ ကလေးများတဲ့ အိမ်ထောင်စုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေများတဲ့ မိသားစုတွေကို ပေးနေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ကိုလံဘီယာဟာ မတ်လ ၁၇ ရက်တည်းက တနိုင်ငံလုံး လော့ဒေါင်းချခဲ့တာဖြစ်ပါတယ်။
9 months Ago