ဗင်နီဇွဲလား အတိုက်အခံအမတ်တွေအပေါ် အစိုးရက ဖိနှိပ်နေတာကို တုံ့ပြန်တဲ့အနေနဲ့ အမတ်တွေလွှတ်တော်တက်စရာမလိုဘဲ မဲပေးခွင့်ပြုတဲ့ အစီအစဉ်တရပ်ကို ဒီဇင်ဘာ ၁၇ ရက်မှာ ဗင်နီဇွဲလားလွှတ်တော်က သဘောတူလိုက်ပါတယ်။
ဒါ့ကြောင့် အစိုးရဖိနှိပ်မှု ရင်ဆိုင်နေရတဲ့ အတိုက်အခံလွှတ်တော်အမတ်တွေဟာ လွှတ်တော်တက်စရာမလိုဘဲ နည်းပညာအသုံးပြုပြီး မဲပေးခွင့်ရတော့မှာ ဖြစ်ပါတယ်။
အရင်ကဆိုရင် လွှတ်တော်တက်ရောက်တဲ့ ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း မပြည့်မီရင် လွှတ်တော်က အတည်မပြုပါဘူး။ သမ္မတမာဒူရိုရဲ့ မဟာမိတ်အမတ်တွေကတော့ အခုလို လွှတ်တော်မတက်ဘဲ နည်းပညာသုံးပြီး မဲထည့်တဲ့စနစ်ဟာ ဖွဲ့စည်းပုံဥပဒေနဲ့ မညီဘူးလို့ ဝေဖန်ကြပါတယ်။
ဗင်နီဇွဲလားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေကို နှစ်ချီပြီး ဥပေက္ခာပြုခဲ့တဲ့ သမ္မတ မာဒူရိုအစိုးရက အတိုက်အခံအမတ်တွေအပေါ် ရာဇဝတ်မှု စုံစမ်းရေးလုပ်နေပါတယ်။ ဒါဟာ အတိုက်အခံတွေ နှုတ်ဆိတ်သွားအောင် ခြိမ်းခြောက်တာလို့ ဝေဖန်သူတွေက ဆိုပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့က သမ္မတ မာဒူရို ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံလွှတ်တော်ဟာ အတိုက်အခံလွှတ်တော် အမတ် ၄ ယောက်ကို ရုံးတင်စစ်ဆေးဖို့ ခွင့်ပြုခဲ့ပါတယ်။
1 year Ago