ဗင်နီဇွဲလားနိုင်ငံသား

September 20, 2019

ပီရူးနိုင်ငံထဲ ဝင်လာသည့် ဗင်နီဇွဲလားနိုင်ငံသား ၁၅၀ ကျော်ကို ပြည်နှင်ဒဏ်ပေး

ပီရူးနိုင်ငံထဲကို တရားမဝင်ဝင်ရောက်တဲ့အတွက် ဗင်နီဇွဲလားနိုင်ငံသား အယောက် ၁၅၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ပီးရူးလူဝင်မှု ကြီးကြပ်ရေးရုံးက စက်တင်ဘာ ၁၉  ရက်မှာ ပြောပါတယ်။   တရားမဝင်ဝင်လာသူတွေကို ပီရူးမြောက်ပိုင်း  အီကွေဒေါနယ်စပ်မှာ ထိန်းသိမ်းခဲ့ပြီး မကြာသေးမီ နှစ်တွေအတွင်း သိန်းချီတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေက အဲဒီလမ်းကြောင်းကနေ ပီရူး၊ ချီလီနဲ့ အာဂျင်တီးနားနိုင်ငံတွေဆီ ဝင်ရောက်ခဲ့ပါတယ်။   ပီရူးအာဏာပိုင်တွေက အဲဒီတရားမဝင် ဝင်လာသူတွေကို တားဆီးပြီး ပြည်ဝင်ခွင့် ၁၅ နှစ် ပိတ်ပင်ဒဏ်ခတ်အပြီး အီကွေဒေါနယ်စပ်မှာ ချထားပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။    ပီရူးနိုင်ငံအတွင်း ဗင်နီဇွဲလား လူဆိုးဂိုဏ်းဝင်တွေပါတဲ့ ကြောက်မက်ဖွယ် လူသတ်မှု သတင်းကို ဒေသတီဗွီသတင်းဌာနက ထုတ်လွှင့်ပြီး ရက်အတော်ကြာကြာမှာ အခုလို ပီရူးအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့တာပါ။    ဒါ့အပြင် Whatsapp အပလီကေးရှင်းနဲ့ ဆိုရှယ်မီဒီယာတွေမှာ  ဗင်နီဇွဲလားနိုင်ငံသားတွေက ပီရူးကလေးငယ်တွေကို ပြန်ပေးဆွဲနေတယ်ဆိုတဲ့ သတင်းတွေကလည်း ပျံ့နှံ့နေပါတယ်။   ပီရူး ပြည်ထဲရေးဝန်ကြီးကတော့ အဲဒီသတင်းတွေဟာ မမှန်ကန်ဘူးလို့ ငြင်းပယ်လိုက်ပြိး နိုင်ငံခြားသားတွေကို မုန်းတဲ့အလေ့အထတွေကို မထားရှိဖို့ သတိပေးထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ =============================== ပီ႐ူးႏိုင္ငံထဲ ဝင္လာသည့္ ဗင္နီဇြဲလားႏိုင္ငံသား ၁၅၀ ေက်ာ္ကို ျပည္ႏွင္ဒဏ္ေပး DVB ပီ႐ူးႏိုင္ငံထဲကို တရားမဝင္ဝင္ေရာက္တဲ့အတြက္ ဗင္နီဇြဲလားႏိုင္ငံသား အေယာက္ ၁၅၀ ေက်ာ္ကို ျပည္ႏွင္ဒဏ္ေပးခဲ့တယ္လို႔ ပီး႐ူးလူဝင္မႈ ႀကီးၾကပ္ေရး႐ုံးက စက္တင္ဘာ ၁၉  ရက္မွာ ေျပာပါတယ္။ တရားမဝင္ဝင္လာသူေတြကို ပီ႐ူးေျမာက္ပိုင္း  အီေကြေဒါနယ္စပ္မွာ ထိန္းသိမ္းခဲ့ၿပီး မၾကာေသးမီ ႏွစ္ေတြအတြင္း သိန္းခ်ီတဲ့ ဗင္နီဇြဲလားႏိုင္ငံသားေတြက အဲဒီလမ္းေၾကာင္းကေန ပီ႐ူး၊ ခ်ီလီနဲ႔ အာဂ်င္တီးနားႏိုင္ငံေတြဆီ ဝင္ေရာက္ခဲ့ပါတယ္။ ပီ႐ူးအာဏာပိုင္ေတြက အဲဒီတရားမဝင္ ဝင္လာသူေတြကို တားဆီးၿပီး ျပည္ဝင္ခြင့္ ၁၅ ႏွစ္ ပိတ္ပင္ဒဏ္ခတ္အၿပီး အီေကြေဒါနယ္စပ္မွာ ခ်ထားေပးခဲ့တယ္လို႔ လူဝင္မႈႀကီးၾကပ္ေရး႐ုံးက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ပီ႐ူးႏိုင္ငံအတြင္း ဗင္နီဇြဲလား လူဆိုးဂိုဏ္းဝင္ေတြပါတဲ့ ေၾကာက္မက္ဖြယ္ လူသတ္မႈ သတင္းကို ေဒသတီဗြီသတင္းဌာနက ထုတ္လႊင့္ၿပီး ရက္အေတာ္ၾကာၾကာမွာ အခုလို ပီ႐ူးအာဏာပိုင္ေတြက သတင္းထုတ္ျပန္ခဲ့တာပါ။ ဒါ့အျပင္ Whatsapp အပလီေကးရွင္းနဲ႔ ဆိုရွယ္မီဒီယာေတြမွာ  ဗင္နီဇြဲလားႏိုင္ငံသားေတြက ပီ႐ူးကေလးငယ္ေတြကို ျပန္ေပးဆြဲေနတယ္ဆိုတဲ့ သတင္းေတြကလည္း ပ်ံ႕ႏွံ႔ေနပါတယ္။ ပီ႐ူး ျပည္ထဲေရးဝန္ႀကီးကေတာ့ အဲဒီသတင္းေတြဟာ မမွန္ကန္ဘူးလို႔ ျငင္းပယ္လိုက္ၿပိး ႏိုင္ငံျခားသားေတြကို မုန္းတဲ့အေလ့အထေတြကို မထားရွိဖို႔ သတိေပးထားတယ္လို႔ ႐ိုက္တာ သတင္းမွာ ေဖာ္ျပပါတယ္။
2 years Ago
Up