ဗင်နီဆီးယက်စ်

October 3, 2020

ဘင်ဖီကာတိုက်စစ်မှူး  ဗင်နီဆီးယက်စ်ကို အငှားစာချုပ်ဖြင့် စပါးအသင်းခေါ်ယူ

စပါးအသင်းဟာ ဘင်ဖီကာတိုက်စစ်မှူး ဗင်နီဆီးယက်စ်ကို အငှားစာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပါတယ်။  အသက် ၂၅ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူး ကားလို့စ်ဗင်နီဆီးယက်စ်ဟာ မနှစ်က ဘင်ဖီကာမှာ ၁၈ ဂိုး သွင်းခဲ့ပြီး ပေါ်တူဂီလိဂ်မှာ ဂိုးသွင်းအများဆုံးဆုကို ပူးတွဲရရှိခဲ့တာပါ။  အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ ရာသီအကုန်မှာ ပေါင် ၃၆ သန်းနဲ့ စပါးအသင်းက အပြီးသတ်ခေါ်ယူခွင့် ရရှိမယ်လို့ သိရပါတယ်။  ဘရာဇီးကလပ် ကယ်လ်ဒမ့်စ်အသင်းနဲ့ ကစားသမားဘဝစတင်ခဲ့တဲ့ ဗင်နီဆီးယက်စ်ဟာ ပေါ်တူဂီကလပ်ရီးယဲလ် စပေါ့ကလပ်နဲ့ နာပိုလီအသင်းတွေမှာ ကစားခဲ့သလို ရီယိုအဗစ်နဲ့ မိုနာကို အသင်းတွေမှာလည်း အငှားထွက်ကစားခဲ့ဖူးပါတယ်။  အထောင်တိုက်စစ်မှူး စစ်စစ်အနေနဲ့ ဟယ်ရီကိန်း တဦးသာရှိတဲ့ စပါးအသင်းအတွက် ဗင်နီဆီးယက်စ်က အရန်သင့်အသုံးပြုနိုင်မယ့် တိုက်စစ်မှူးတဦး ဖြစ်တယ်လို့ သိရပါတယ်။
7 months Ago

May 12, 2020

ဘင်ဖီကာ တိုက်စစ်မှူး ဗင်နီဆီးယက်စ်ကို မန်ယူအသင်း ခေါ်ယူလို

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘင်ဖီကာတိုက်စစ်မှူး ကားလို့စ်ဗင်နီဆီးယက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဗင်နီဆီးယက်စ်ဟာ အခုနှစ် ပေါ်တူဂီလိဂ်မှာ ဂိုး ၂၀ သွင်းထားပြီး ဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။  အသက် ၂၅ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူး ဗင်နီဆီးယက်စ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ နာပိုလီအသင်းကနေ ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ သူ့ကို ခေါ်ယူဖို့ မန်ယူအသင်းက ပေါင် ၃၅ သန်းနဲ့ စတင်ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ The Sun သတင်းစာက ရေးပါတယ်။ ဗင်နီဆီးယက်စ်ဟာ အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပြီး ဘင်ဖီကာ အသင်းဘက်ကတော့ ပေါင် ၈၈ သန်းရမှ လက်ခံ ဆွေးနွေးမယ်လို့ သိရပါတယ်။  အသက် ၂၂ နှစ်အထိ ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့တဲ့ ဗင်နီဆီးယက်စ်ဟာ ဘရာဇီးလိဂ်မှာ တိုက်စစ်မှူးအဖြစ် ပထမဆုံးကစားပြီး ၂ ဂိုးသွင်းယူပြီးနောက်မှာ လက်ရှိအချိန်အထိ တိုက်စစ်မှူးအဖြစ် ဆက်လက်ကစားခဲ့တာ ဖြစ်ပါတယ်။ 
11 months Ago
Up