ဗင်နူအာတူကျွန်းတွင် မီးတောင်ပေါက်ကွဲ၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

October 2, 2017

ဗင်နူအာတူကျွန်းတွင် မီးတောင်ပေါက်ကွဲ၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

သြစတြေးလျနိုင်ငံအနီး တောင်ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ ဗင်နူအာတူကျွန်းမှာ မီးတောင်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ကျွန်းသူကျွန်းသားတွေဟာ သင်္ဘောတွေနဲ့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ကျွန်းပေါ်က ရေချိုရေသန့်တွေ ညစ်ညမ်းခဲ့တာကြောင့် ကျွန်းပေါ်နေ လူထောင်ပေါင်းများစွာဟာ သောက်သုံးရေလိုအပ်နေတယ်လို့ ကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ် ဂျိုးခရော့က ရိုက်တာသတင်းဌာနကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ကျွန်းပေါ်က အကြီးဆုံးမီးတောင်ဖြစ်တဲ့ မာနာရိုဗိုအီမီးတောင်ဟာ စက်တင်ဘာ ၃၀ ရက်က ရေပူငွေ့၊ ကျောက်တုံးကျောက်ခဲတွေ မှုတ်ထုတ်ခဲ့တာပါ။ အောက်တိုဘာ ၁ ရက် ညနေမှာ ကျွန်းပေါ်နေ လူ ၁၀၀၀ လောက်ကို ဘေးလွှတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အောက်တိုဘာ ၂ ရက်မှာ နောက်ထပ် လူ ၈၀၀ လောက်ကို ဘေးလွတ်ရာ ထပ်မံရွှေ့ပြောင်းမယ်လို့ ဗင်နူအာတူကျွန်း အမျိုးသားကပ်ဘေး စီမံခန့်ခွဲရေးရုံးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
4 years Ago
Up