ဗင်းဆင့်

September 10, 2015

ဗင်းနစ် ရုပ်ရှင်ပွဲတော်က ဗင်နူအာတူတိုင်းရင်းသားများ အက (ရုပ်သံ)

စက်တင်ဘာ ၈ ရက်က ပစိဖိတ် သမုဒ္ဒရာ တောင်ပိုင်း ဗင်နူအာတူကျွန်းနိုင်ငံမှာ ရိုက်ကူးထားတဲ့ တန်နာ ဇာတ်ကားကို စက်တင်ဘာ ၉ ရက်နေ့က ဗင်းနစ် ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါတယ်။ ဒီအတွက် ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒေသခံ တိုင်းရင်းသားတွေက ပွဲတော်ရဲ့ ကော်ဇော်နီပေါ်မှာ ရိုးရာအကနဲ့ ဖျော်ဖြေခဲ့ပါတယ်။ တန်နာကို သြစတြေးလျ ဖြစ်ရပ်မှန် ဇာတ်လမ်းရိုက်ကူးသူတွေက တင်ဆက်ခဲ့ပြီး အချစ်ဇာတ်လမ်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မတူညီတဲ့ မျိုးန်ွယ် ၂ ခုအကြားက ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ထားပြီး ပေါင်းစပ်ဖို့ အတွက် မျိုးနွယ်စုတွေကို စွန့်ခွာထွက်ပြေးတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ဒေသခံတိုင်းရင်းသား အစစ်တွေက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။  ယဉ်ကျေးမှုကို ကမ္ဘာကို ပြသဖို့ ဗန်နူအာတူက ဒေသခံတိုင်းရင်းသားတွေနဲ့ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up