ဗင်နီဇွဲလား အမျိုးသား အစောင့်တပ်ရဲ့ ရဟတ်ယာဉ်တစီး ဒီဇင်ဘာ ၂၈ ရက်က နယ်စပ် ကိုလံဘီယာနိုင်ငံဘက်ခြမ်းမှာ ပျက်ကျခဲ့ပါတယ်။
အိမ်နီးချင်း ၂ နိုင်ငံကြား သံတမန်ရေး တင်းမာမှုတွေ ဖြစ်ပွားနေချိန်မှာ ခုလိုဖြစ်တာပါ။
ဗိုလ်ချုပ် ၂ ဦးကို တင်လာတဲ့ သဘဲလ် စစ်သုံးရဟတ်ယာဉ်ဟာ ကိုလံဘီယာပိုင်နက် ပါရာဂွါချွန်ဒေသထဲ ၃၂ ပေလောက်ဝင်ပြီး ပျက်ကျခဲ့ပေမယ့် ဗိုလ်ချုပ် ၂ ဦးလုံး အသက်ရှင်ပြီး ဆေးကုသခံနေပါတယ်။
ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးကတော့ လေယာဉ်မှူးနဲ့ တွဲဘက်လေယာဉ်မှူးတို့ ဒဏ်ရာရလို့ သူတို့ကို ဗင်နီဇွဲလားနိုင်ငံထဲက ဆေးရုံဆီ ခေါ်သွားပြီလို့ ပြောပါတယ်။
ရဟတ်ယာဉ်က စက်ပိုင်းဆိုင်ရာကိစ္စကြောင့် နယ်စပ်က ကိုလံဘီယာဘက်ခြမ်းကို ကျလာပြီး မီးမလောင်တဲ့ သာမန်ပျက်ကျမှုပါလို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဒီနှစ်အစောပိုင်းက ရာဇဝတ်မှုနဲ့ မှောင်ခိုကုန်ကူးမှု နှိမ်နင်းရေးလို့ ပြောတဲ့ စစ်ဆင်ရေးအတွင်း ဗင်နီဇွဲလားနိုင်ငံက အဓိက နယ်စပ်စခန်းတွေကို ပိတ်ခဲ့ပါတယ်။
သြဂုတ်လကတည်းက ခုထိ ကိုလံဘီယာနဲ့ ဗင်နီဇွဲလား ၂ နိုင်ငံကြား ၁၃၇၉ မိုင်ရှည်တဲ့ နယ်စပ်ကို အများအားဖြင့် ပိတ်ထားပါတယ်။
စက်တင်ဘာလကတော့ ၂ နိုင်ငံ အစိုးရတွေဟာ နယ်စပ်ပြန်ဖွင့်ရေး ဆွေးနွေးပွဲတွေ စဖို့နဲ့ ၂ နိုင်ငံ သံအမတ်တွေကို သက်ဆိုင်ရာ နိုင်ငံတွေမှာ ပြန်ထားဖို့ သဘောတူခဲ့ကြပါတယ်။
7 years Ago