ဗင်နီဇွဲလားတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ မျက်ရည်ယိုဗုံးများဖြင့် အပြန်အလှန်ပစ်ပေါက်

June 9, 2017

ဗင်နီဇွဲလားတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ မျက်ရည်ယိုဗုံးများဖြင့် အပြန်အလှန်ပစ်ပေါက် (ရုပ်သံ)

ဗင်နီဇွဲလားတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်မျ... ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကတ်ရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား မျက်ရည်ယိုဗုံးတွေ အပြန်အလှန် ပစ်ပေါက်နေတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာ ၂ လရှိပြီဖြစ်ပြီး အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တွေ အင်အားသုံး နှိမ်နင်းနေတဲ့ကြားက ဆန္ဒပြသူတွေဟာ ရွေးကောက်ပွဲ စောကျင်းပပေးဖို့ တောင်းဆိုလျက်ရှိပါတယ်။ ဆန္ဒပြသူတဦးက “နီကိုလပ်စ် မာဒူရိုရေ လူငယ်ကျောင်းသားတယောက် အနေနဲ့ရော ဗင်နီဇွဲလားနိုင်ငံသား အလုပ်သမားတဦး အနေနဲ့ပါ လူငယ်ထုနဲ့ ဗင်နီဇွဲလားပြည်သူတွေကို ကျေနာ် သန္နိဋ္ဌာန်ပြုပါတယ်။ ခင်ဗျားဟာ အကြမ်းဖက်မှုတွေကို စပြီးဖန်တီးတဲ့သူပဲ။ ဒါပေမယ့် ကျနော်တို့ ဒီမှာ ဆက်ပြီး တိုက်ပွဲဝင်မှာပါ။ ဘာလို့လဲဆိုတော့ ဗင်နီဇွဲလားဟာ လူရိုသေရှင်ရိုသေနိုင်ငံ ဖြစ်ရမယ်။ ဒီနိုင်ငံမှာ ကွန်မြူနစ်စနစ်ကို အလိုမရှိပါဘူး” လို့ ပြောသွားခဲ့ပါတယ်။ သီလရှင်တဦးကလည်း “ကျမဟာ လွတ်လပ်ခြင်းနဲ့ အမှန်တရားကို ယုံကြည်ပါတယ်။ ဒီကလေးတွေဟာ ကျမတို့ရဲ့ သူရဲကောင်းတွေပါ။ ဗင်နီဇွဲလားနိုင်ငံရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ပါ။ ကျမတို့ကို ဖိနှိပ်နေတဲ့ ဒီလူသတ်အစိုးရကို ဖြုတ်ချပစ်ရပါမယ်" လို့ ပြောခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကြောင့် အခုထိ ၆၅ ဦး သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ ဗင်နီဇွဲလားအစိုးရဟာ ရွေးကောက်ပွဲကို ဇူလိုင်လအကုန်မှာ ကျင်းပပေးဖို့ ပြင်ဆင်နေပါတယ်။ အခုချိန်မှာ  ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ညီလာခံ ခေါ်ယူထားပါတယ်။ ဝေဖန်သူတွေကတော့ အဲဒါဟာ သမ္မတ မာဒူရို ဆက်လက်အာဏာတည်မြဲဖို့ အာဏာဆုပ်ကိုင်ထားခြင်းဖြစ်တယ်လို့ ပြောကြပါတယ်။
4 years Ago
Up