ဗကသ ကျောင်းသူဟောင်

November 22, 2021

မိတ္ထီလာ ဗကသ ကျောင်းသူဟောင်းနှင့် ဖခင်ဖြစ်သူတို့ကို စစ်တပ်က သေနတ်ပစ်ခတ် ဖမ်းဆီး

မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း မသဲစုနိုင်နဲ့ သူ့ရဲ့ ဖခင်ဖြစ်သူတို့ကို  နိုဝင်ဘာ ၂၂  ရက် ဒီနေ့ညနေမှာ  စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ဖောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မသဲစုနိုင်နဲ့ သူ့ရဲ့ ဖခင်ဖြစ်သူတို့ဟာ မိတ္တီလာမြို့ရှိ နေအိမ်မှာ ရှိနေချိန် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး ဖမ်းဆီးခံခဲ့ရသလို နေအိမ်ရှိဖုန်းအားလုံးကိုလည်း  စစ်ကောင်စီတပ်က သိမ်းယူသွားခဲ့လို့ သိရပါတယ်။

မသဲစုနိုင်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ကျောင်းဆရာမ တစ်ဦးဖြစ်ပေမယ့် စစ်တပ်က မသဲစုနိုင်ကို PDFခေါင်းဆောင်ပိုင်း အမျိုးသမီး ဆိုပြီး စွပ်စွဲကာဖမ်းဆီးသွားတာလို့  ဗကသများ အဖွဲ့ချုပ် က ထုတ်ပြန်ထားပါတယ်။

မသဲစုနိုင်နဲ့ သူ့ရဲ့ ဖခင်ဖြစ်သူတို့ကို လက်ရှိ ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။

မသဲစုနိုင်နဲ့ သူ့ရဲ့ ဖခင်ဖြစ်သူတို့ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် များစွာစိုးရိမ်ပူပန်ကြောင်း ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2 months Ago
Up