ဗကသကျောင်းသားမျာ

July 28, 2020

ပုသိမ်ကြီးမြို့နယ်တရားရုံးရှေ့၌ ဗကသကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ် 

ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြကြတဲ့ အောင်သပြေကျေးရွာသား ဦးရွှေအုန်း အပါအဝင် ၃ ဦးကို ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့က ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ  ရုံးထုတ် စစ်ဆေး ပါတယ်။ ဒီနေ့ ရုံးချိန်းအပြီးမှာ အဆိုပါ ဖမ်းဆီးခံရွာသားတွေကို မီဒီယာတွေနဲ့ ဖြေကြားခွင့်ပေးဖို့ ဝန်းရံ ဗကသ ကျောင်းသားတွေက ပြောဆိုရာက ကျောင်းသားတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ ရုံးချိန်းကလည်း  ဝန်းရံ ဗကသ ကျောင်းသားတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့လို့  ဒီနေ့  ရုံးချိန်းကို ရဲအင်အား ၂၅ ယောက်လောက်နဲ့ လုံခြုံရေးတိုးမြင့်ထားသလို သံဆူးကြိုးတွေလည်းကာရံထားခဲ့ပါတယ်။ အဆိုပါ အောင်သပြေ ကျေးရွာသား ၃ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၃၃၊ ၃၃၂၊ ၁၁၄တို့နဲ့ ပုသိမ်ကြီးမြို့နယ် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်က တရားလိုလုပ် တရားစွဲဆိုထားတာဖြစ်ပါတယ်။ Photo - Kaung Zaw Hein / MPA
1 year Ago
Up