ဗကသ

December 4, 2021

ဗကသ တိုင်းရင်းသားရေးရာတာဝန်ခံ ၁ ဦးကို စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) တိုင်းရင်းသားရေးရာတာဝန်ခံ ကိုနှင်း‌အောင်(ခ)ကိုအောင်ဘညိုကို စစ်တပ်က ပစ်သတ်လိုက်တယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

တော်လှန်ရေးအတွက်ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကိုနှင်း‌အောင်(ခ)ကိုအောင်ဘညိုကို  ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ကန့်ဘလူမြို့နယ်  တင်ကုတ်ကြီးကျေးရွာနားမှာ  စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ပစ်သတ်သွားခဲ့တာလို့  သတင်းရင်းမြစ်တခုက ပြောပါတယ်။

အသက် ၂၆ နှစ်ခန့်အရွယ် ကိုနှင်းအောင်(ခ)ကိုအောင်ဘညိုဟာ ခင်ဦးမြို့နယ် မြနန္ဒာရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို ပြန်ရဖို့ မိသားစုတွေက ကြိုးပမ်းနေတယ်လို့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။

2 months Ago

October 19, 2021

ဖမ်းဆီးခံ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မအေးနန္ဒာစိုးအတွက် ဗကသ စိုးရိမ်

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ  မအေးနန္ဒာစိုး ကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဖမ်းဆီးထားတာ ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ၁ လတင်းတင်းပြည့်သွားပြီ ဖြစ်ပါတယ်။

အခုလို ၁ လပြည့်တဲ့အချိန်ထိ မအေးနန္ဒာစိုးကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးဘဲ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

မအေးနန္ဒာစိုးဟာ မန္တလေးကနေ တန့်ဆည်-ရေဦး ရှိ သူ့ရဲ့နေအိမ်ကိုအပြန် ကားပေါ်မှာ စက်တင်ဘာ ၁၈ ရက် ညနေက  စစ်ကောင်စီ လက်နက်ကိုင်တပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မအေးနန္ဒာစိုးဟာ အဖိနှိပ်ခံလူတန်းစားတွေဖြစ်တဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေ ဘက်ကနေ ခွပ်ဒေါင်းအလံကိုကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အစဥ်မပြတ် ဆန့်ကျင်တော်လှန်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

3 months Ago
More News
Up