ဖွံ့ဖြိုးဆဲနိုင်များ

A d v e r t i s e m e n t With Us

April 13, 2020

ဖွံ့ဖြိုးဆဲနိုင်ငံများကို ကြွေးမြီသက်သာခွင့်ပေးရန် ပါကစ္စတန် တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေး ထိခိုက်နစ်နာနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပိုပြီး ထိထိရောက်ရောက် ကူညီနိုင်ဖို့ ကြွေးမြီသက်သာခွင့်တွေ ပေးဖို့ နိုင်ငံတကာမြီရှင်တွေကို ပါကစ္စတန်ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။  ပါကစ္စတန်မှာ ဧပြီ ၁၂ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာ ၅၁၈၃ ဦး တွေ့ထားပြီး သေဆုံးသူကတော့ ၈၈ ဦး ရှိလာနေပါတယ် ။  ဒါ့အပြင် နိုင်ငံဟာ ကပ်ဘေးကြောင့် တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့မှု  လော့ဒေါင်း လုပ်ထားရတာကြောင့် အလုပ်လက်မဲ့ဦးရေ များပြားလာနေပြီး စီးပွားရေး ထိခိုက်မှုတွေ များနေပါတယ်။  ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ ဝန်ကြီးချုပ် အင်မရန်ခန်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လော့ဒေါင်းလုပ်တဲ့ ရလဒ်ကြောင့် လူတွေ ငတ်မွတ်သေဆုံးကြရမှာကို စိုးရိမ်တယ်လို့ ပြောထားပါတယ်။  ဒါ့အပြင် သူက ပြည်ပကြွေးမြီ အများအပြား ရှိထားတဲ့ နိုင်ငံတွေမှာ လူထုကျန်းမာရေးအတွက် သုံးဖို့ ဘဏ္ဍာရေး အားနည်းနေရတယ်လို့လည်း ပြောပါတယ်။။  ပါကစ္စတန်ဟာ ပြည်ပကြွေးမြီ ဒေါ်လာ ၁၀၀ ဘီလီယံရှိနေပြီး ပြီးခဲ့တဲ့အပတ်ကပဲ လော့ဒေါင်းပိတ်ဆို့မှုလုပ်လို့ အလုပ်လက်မဲ့ ဖြစ်နေရတဲ့ ဆင်းရဲသားပြည်သူ ၁၂ သန်းအတွက် ထောက်ပံ့ငွေ ဒေါ်လာ သန်း ၉၀၀ သုံးထားတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
11 months Ago
Up