ဖွံ့ဖြိုးဆဲနိုင်ငံများ

March 4, 2020

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြုံတွေ့နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁၂ ဘီလီယံ ကူညီမည်

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကမ္ဘာ့ဘဏ်က အရေးပေါ်အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ထုတ်ပေးသွားမယ်လို့ ကြေညာပါတယ်။ အဆိုပါ အထောက်အပံ့တွေထဲမှာ စရိတ်နည်းချေးငွေတွေ၊ ထောက်ပံ့ငွေနဲ့ နည်းပညာပိုင်း အကူအညီတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်ကို ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုတွေကို တန်ပြန်နိုင်ဖို့ ကမ္ဘာ့ဘဏ်ဟာ အဆင်းရဲဆုံးနဲ့ ရောဂါဖြစ်ပွားမှုအန္တရာယ် အများဆုံးနိုင်ငံတွေကို  ဦးစားပေး ကူညီသွားမယ်လို့ သိရပါတယ်။  ဒီထောက်ပံ့ငွေ ၁၂ ဘီလီယံမှာ တဝက်လောက်က ကမ္ဘာ့ဘဏ်နဲ့ တွဲလုပ်နေတဲ့ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းက ပုဂ္ဂလိကကဏ္ဍကနေ ရယူထားတာဖြစ်ပြီး ၄ ဘီလီယံလောက်ကတော့ ယခင်ကမ္ဘာ့ဘဏ်ရဲ့ရန်ပုံငွေတွေထဲက ထည့်ဝင်ထားတာ ဖြစ်ပါတယ်။
1 year Ago
Up