ဖွံဖြိုးရေး

May 21, 2021

မြန်မာအခြေအနေမတိုးတက်ပါက ဖွံဖြိုးရေးအကူညီ ပြန်စဉ်းစားမည်ဟု ဂျပန်အစိုးရ ပြော

မြန်မာနိုင်ငံရဲ့အခြေအနေ တိုးတက်မှုမရှိရင် ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီပေးမှု AODA တွေကို ပြန်စဉ်းစားဖို့ကလွဲလို့ ရွေးချယ်စရာ မရှိဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိ တိုရှိမိဆုက မေ ၂၁ ရက်မှာ ပြောပါတယ်။

ဂျပန်ပုဂ္ဂလိကကုမ္ပဏီတွေလည်း မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ 

ဂျပန်ဟာ မြန်မာနိုင်ငံအတွက် အဓိကအလှူရှင်ဖြစ်ပြီး လတ်တလောနှစ်တွေမှာလည်း ဂျပန်ကုမ္ပဏီကြီးတွေဟာ မြန်မာကို အာရှဒေသရဲ့ နောက်ဆုံး အဓိကဈေးကွက် အဖြစ် သုံးသပ်ပြီး စီးပွားရေးလုပ်ငန်းတွေကို တက်ကြွစွာ တိုးချဲ့ခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အထောက်အပံ့ အမျိုးမျိုးပေးခဲ့တဲ့ နိုင်ငံတနိုင်ငံအနေနဲ့ရော၊ မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံအနေနဲ့ပါ ဒီအချက်တွေကို ရှင်းရှင်းလင်းလင်း သတင်းစကားပါးဖို့ လိုအပ်နေပြီလို့လည်း မိုတဲဂိကဆိုပါတယ်။ 

နောက်ထပ် အသေးစိပ် ပြောဆိုခြင်း မရှိပေမဲ့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ပေးထားတဲ့ အကူအညီတွေအားလုံးကို လက်ရှိ ပေးထားပြီးသား စီမံကိန်းတွေကိုတောင်  ဖြတ်တောက်လိုက်ဖို့ ဆန္ဒရှိတယ်လို့  မိုတဲဂိ ရဲ့ ပြောကြားချက်ကို နစ်ကေးသတင်းစာမှာ ဖော်ပြထားပါတယ်။

 အကူအညီအသစ်တွေနဲ့ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း ဂျပန်ဘက်က ရပ်ထားပါတယ်။  

7 months Ago
Up