ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး

February 20, 2021

အာဏာရှင်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး ချင်းလူမျိုးများ တောင်းဆို

အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းလူမျိုးတွေက တောင်းဆိုလိုက်ကြပါတယ်။ 

ရန်ကုန် မြေနီကုန်းမှာ လူမျိုး​​ပေါင်းစုံ အထွေထွေသပိတ်စစ်ကြောင်း စုဝေးချိန် ချင်းလူမျိုးတွေက ပြောဆိုလိုက်ကြတာပါ။ 

ဒီ​နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ လူမျိုး​​ပေါင်းစုံ အထွေထွေသပိတ်စစ်ကြောင်းမှာတော့ တိုင်းရင်းသားပေါင်းစုံလူငယ်တွေ ပါဝင်ပြီး စစ်အာဏာရှင်နဲ့ မဟုတ်မမှန်တာတွေကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ပြောပါတယ်။

ဒီသပိတ်စစ်​​ကြောင်းမှာတော့ အာဏာရှင်စနစ်ဖျက်သိမ်းရေး၊နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ မတရား ဖမ်းဆီးခံထားသူများ ချက်ချင်း လွှတ်ပေးရေးအတွက် တောင်းဆိုကြတာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ညီငယ်

2 years Ago
Up