ဖွဲ့စည်းပုံပြင်ဆင်ရေ

July 2, 2020

ရုရှားသမ္မတပူတင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်  ဆန္ဒမဲပေး

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ သူရဲ့အုပ်ချုပ်မှုကို သက်တမ်းတိုးနိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဆန္ဒမဲပေးပွဲ နောက်ဆုံးနေ့ ဇူလိုင် ၁ ရက်က မဲရုံမှာ ကိုယ်တိုင် လာရောက် မဲပေးခဲ့ပါတယ်။ ရုရှားနိုင်ငံတဝန်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး မဲပေးပွဲ ကျင်းပခဲ့ပြီး ပြည်သူတွေ လာရောက် ဆန္ဒမဲပေးခဲ့ကြပါတယ်။  ဝေဖန်သူတွေက ဒါဟာ သမ္မတပူတင်ကို ကရင်မလင်မှာ တသက်လုံး ဆက်နေခွင့်ပြုတဲ့ ကြိုးပမ်းမှုအဖြစ် ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်မှုတွေကို ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားပါလီမန်မှာ အတည်ပြုခဲ့ပြီး ဖွဲ့စည်းပုံဥပဒေသစ် စာအုပ်တွေကို ဆိုင်တွေမှာတောင် ရောင်းချနေပါပြီ။  ဒါပေမဲ့ ပူတင်က သူ့ရဲ့အစီအစဉ်တွေကို တရားဝင်ဖြစ်စေဖို့ ပြည်လုံးကျွတ် ဆန္ဒမဲပေးပွဲ လုပ်ဖို့ ကြိုးပမ်းခဲ့တာပါ။ ရုရှားအစိုးရဟာ လာရောက်မဲပေးသူ အရေအတွက်များစေဖို့ ဆန္ဒမဲပေးကာလကို တစ်ပတ်နီးပါး သက်တမ်းတိုးပေးခဲ့ပါတယ်။  ရုရှားရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဆန္ဒမဲပေးပွဲကို မူလက ဧပြီလ ၂၂ ရက်မှာ ကျင်းပဖို့  စီစဉ်ထားပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အချိန်ရွှေ့ဆိုင်းပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားထားပါတယ်။ 
11 months Ago
Up