ဖွင့်ထားမည်

A d v e r t i s e m e n t With Us

March 22, 2020

ထိုင်း-မြန်မာ ကုန်သွယ်မှုအချို့ဖွင့်ထားမည်၊ ပြည်သူများ မစိုးရိမ်ကြရန် တာချီလိတ်ခရိုင် တာဝန်ရှိပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှာကို ကာကွယ်တဲ့အနေနဲ့ တာချီလိတ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအားလုံး ပိတ်ပေမယ့် ကုန်သွယ်မှုအချို့ကို ဖွင့်လှစ်ထားမှာဖြစ်တဲ့အတွက် စိုးရိမ်းစရာမလိုဘူးလို့ တာဝန်ရှိသူတွေက အသိပေးပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ပိတ်လိုက်တဲ့အတွက် ဒေသခံတွေအနေနဲ့ စားသုံးကုန် ပြတ်လပ်မှာစိုးရိမ်ပြီး ထိုင်းနိုင်ငံကို အလုအယက် သွားရောက်ဝယ်ယူနေမှုတွေ ရှိနေတဲ့အပေါ် ခုလိုပြောဆိုလိုက်တာပါ။ “တံတားပိတ်လိုက်ပေမယ့် ဒေသတွင်း အသုံးပြုဖို့လိုအပ်နေတဲ့ စားသုံးကုန်အချို့နဲ့ စက်သုံးဆီတွေကို တံတား (၂) ပေါ်က သွင်းဖို့ နှစ်ဖက်ညှိနှိုင်းထားပါပြီးပါပြီ။ ဒါကြောင့် စိုးရိမ်စရာမလိုပါဘူး၊ ဒေသတွင်း အခြေခံစားသောက်ကုန်တွေကလည်း လုံလောက်မှုရှိပါတယ်” လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။ မြို့ထဲလမ်းတလျှောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ကုန်စည်သွားရောက်ဝယ်ယူသူတွေ များပြားနေသဖြင့် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေပါတယ်၊   ချစ်ကြည်ရေးတံတား အမှတ် ၁ ကို မတ်လ ၂၃ ရက်နေ့ကစပြီး ထိုင်းနိုင်ငံက ပိတ်ဖို့ အကြောင်းကြားလိုက်ပြီဖြစ်ပါတယ်၊ ချစ်ကြည်ရေးတံတား အမှတ် ၂ ကိုတော့ မတ်လ ၂၂ ရက်နေ့က ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ယာယီနယ်စပ်ဂိတ်တွေအားလုံးကို ဒီနေ့ကနေ ဧပြီလ ၃ ရက်အထိ ပိတ်ထားလိုက်ပြီလို့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁ ကို မနေ့ကစ ၁၄ ရက်ကြာ ယာယီပိတ်လိုက်ပြီး တံတား အမှတ်-၂ ကိုတော့ မနက် ၅ နာရီနဲ့ ည ၈ နာရီအချိန်တွေမှာ ဆက်ဖွင့်ပေးထားပါတယ်။  ထိုင်း-မြန်မာ နယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွေကို စဖန်ဖလားဂိတ်ကလွဲပြီး အားလုံးပိတ်လိုက်ပြီလို့ သိရပါတယ်။
12 months Ago
Up