ဖွဲ့စည်းပုံပြင်​ဆင်​​ရေး ​ထောက်​ခံပွဲ ​ချောက်​မြို့တွင် ပြုလုပ်​၊ လူ ၂၀၀၀၀ ခန့် တက်ရောက်

March 17, 2019

ဖွဲ့စည်းပုံပြင်​ဆင်​​ရေး ​ထောက်​ခံပွဲ ​ချောက်​မြို့တွင် ပြုလုပ်​၊ လူ ၂၀၀၀၀ ခန့် တက်ရောက်

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့မှာ​ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံ ဥပ​ဒေပြင်​ဆင်​​ရေး ​ထောက်​ခံပွဲကို ဒီက​နေ့ မနက်​ပိုင်းက ပြုလုပ်​ခဲ့ပါတယ်​။ ​ချောက်​မြို့မှာ လာ​ရောက်​ပူ​ပေါင်း ​ဟော​ပြော​ပေး​သော ဗိုလ်​ကြီး​ဟောင်း ဦး​နေမျိုးဇင်​က “ပြည်​သူရဲ့လွတ်​လပ်​ပိုင်​ခွင့်​ ပြည်​သူရဲ့ အချုပ်​အခြာ အာဏာကို လူတ​စု စီးပိုးထားတဲ့ အရာမှန်​သမျှ ပယ်​ဖျက်​ဖို့လိုတယ်​။ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ တည်​​နေသမျှ စစ်​ကျွန်​ဘဝ မလွတ်​ဘူးဆိုတာနဲ့ စစ်​ကျွန်​ဘဝ လွတ်​ခြင်​ရင်​ ဖွဲ့စည်းပုံ ဥပ​ဒေပြင်​ဆင်​ သို့မဟုတ်​ အသစ်​​ရေးဆွဲမှ ရမယ်” လို့​ပြောပါတယ်​။ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး၊ ပြည်​သူကို အကျိုးမပြု​သော ပုဒ်​မများ ဖျက်​သိမ်း​ရေး၊ နိုင်​ငံ အနာဂတ်​လှပ​ရေး၊ ဥပ​ဒေပြင်​ဆင်​​ရေး ​ကော်​မတီ ​အောင်​ရမယ် စတဲ့ကြွေးကြော်သံတွေနဲ့ ထောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။ လူ ၂၀၀၀ လောက်ရှိ ပြည်​သူလူထုက ​အေး​စေတီဘုရား ​ခြေ​တော်​ရင်း ရင်​ပြင်​မှ စတင်​ပြီး လမ်းမ​တော်​လမ်း၊​ ဘောလုံးကွင်းလမ်းအတိုင်း အ​နော်​ရထာ တံတားထိပ်​ ဗိုလ်​ချုပ်​​ကြေးရုပ်​ ပန်းခြံအထိ ချီတက်​ခဲ့ကြပါတယ်​။ ကိုလင်း(​ချောက်​)
2 years Ago
Up