ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ

March 1, 2019

ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပြင်​ဆင်​​ရေး​ ​ထောက်​ခံပွဲ ရေနံ​ချောင်းတွင်​ ကျင်းပ (ဓာတ်ပုံ)

ရေနံ​ချောင်းမြို့မှာ​ ​ ၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ ပြင်​ဆင်​​ရေး​ကော်​မတီ ​ထောက်​ခံပွဲကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည​နေပိုင်းက ပြုလုပ်​ခဲ့ပါတယ်​။ ​ထောက်​ခံပွဲကို​​ ရေနံ​ချောင်းမြို့ ​ရွှေကြာငုံရပ်​ အလယ်​ရုံတံတားအနီးက မြို့တွင်းလမ်းအတိုင်း အိုးဘိုရပ်​ကွက်​ ဗိုလ်​ချုပ်​​ကြေးရုပ်​ ရင်​ပြင်​အထိ စီတန်း လှည့်လည်ခဲ့ကြတာပါ။ ၂၀၀၈​ အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး​၊ ပြည်​သူကို အကျိုးမပြု​သောပုဒ်​မများ ဖျက်​သိမ်း​ရေး၊ ဒီမိုက​ရေစီစံနှုန်းများနှင့်​မကိုက်​ညီ​သော ပုဒ်​မများ ပြင်​ဆင်​​ရေး၊ ပြည်​သူဆန္ဒနှင့်ညီ​သော ပုဒ်​မများ ပြဋ္ဌာန်း​ရေး၊ ဖက်​ဒရယ်​ ဒီမိုက​ရေစီနှင့်ကိုက်​ညီ​သော အ​ခြေခံဥပ​ဒေများ ​ပေါ်​ပေါက်​​ရေး၊ ပြည်​တွင်းငြိမ်းချမ်း​ရေး ရရှိ​ရေး၊ တရား​ရေးစနစ်​ ​ဖြောင့်​မတ်​မှန်​ကန်​​ရေး၊ ၂၀၀၈ အ​ခြေခံ ဥပ​ဒေပြင်​ဆင်​​ရေး ​ကော်​မတီ အောင်​ရမည် စတဲ့ကြွေးကြော်သံတွေနဲ့​ စီတန်းလှည့်​လည်​ခဲ့ကြပါတယ်။ ဆန္ဒ​ဖော်​ထုတ်​ပွဲကို မ​ကွေးတိုင်းအ​နေနဲ့ ​ရေနံ​ချောင်းမြို့မှာ ပထမဆုံး ပြုလုပ်​တာဖြစ်​ပြီး မြို့ခံရာချီ ပါဝင်​ခဲ့ကြပါတယ်​။ ကိုလင်း(​ချောက်​)
2 years Ago
Up