ဖွဲ့စည်း

January 7, 2018

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အခွန်ကိစ္စ ရုံးတင်စစ်ဆေးရန် တရားသူကြီးအဖွဲ့ ဖွဲ့စည်း

ဆက်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး စည်းကြပ်ခွန် ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ပျက်ကွက်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ရုံးတင်စစ်ဆေးဖို့ နိုင်ငံရေးသမားတွေအတွက် စီရင်တဲ့ အထက်တရားရုံးက တရားသူကြီးအဖွဲ့ ဖွဲ့လိုက်တယ်လို့ အထွေထွေရှေ့နေချုပ်ရုံး (အိုအေဂျီ) က သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး တရားရင်ဆိုင်ဖို့ ပျက်ကွက်တဲ့ နိုင်ငံရေးသမားတွေကို ရုံးတင်အမှုစစ်ဆေးဖို့ တရားရုံးကို ဥပဒေသစ်က ခွင့်ပြုလိုက်ပါတယ်။ အဲဒီနောက်ပိုင်း စည်းကြပ်ခွန်အမှုနဲ့၊ ခွန်ထိုင်းဘဏ်ကို ငှားရမ်းထားမှု အမှု ၂ မှုအတွက် ဝန်ကြီးချုပ်ဟောင်းက ပျက်ကွက်ခဲ့လို့ တရားရုံးကို အမှုစစ်ဖို့ အစောပိုင်းကတည်းက တောင်းဆိုခဲ့တာလို့ အိုအေဂျီရဲ့ ပြောရေးဆိုခွင့်ရှိသူ ထရမ့်ပ်ဂျာလီချန်ဒရာက ဇန်နဝါရီလ ၅ ရက်နေ့က ပြောလိုက်ပါတယ်။ အခွန်စည်းကြပ်ရေးနဲ့ ပတ်သက်ပြီး အမှုစစ်ဆေးတာက ဥပဒေသစ်ရဲ့အောက်မှာ ပထမဆုံး ဖြစ်နိုင်တယ်လို့  သိရပါတယ်။ အိုအေဂျီရဲ့ ပြောရေးဆိုခွင့်ရှိသူ နောက်တဦးဖြစ်တဲ့ ပရာရွတ်ပက်ချခွန်က သက်ဆင်ကို ရုံးတင်နိုင်ဖို့   ပြစ်မှုကျူးလွန်ခဲ့ရာ တိုင်းပြည်ဆီ တရားခံကို လွှဲပြောင်းပေးရေးကိစ္စတွေအတွက် သူတို့ရဲ့ရုံးက ကြိုးစားနေဆဲလို့ ပြောပြီး သက်ဆင်ရဲ့ ညီမဖြစ်သူ ယင်လပ်နဲ့ ရဲကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ သန်းကြွယ်သူဌေး ဗိုရာယု့ဒ်ကိစ္စလည်း ကြိုးစားနေဆဲလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ရဲတွေက ဒီလူတွေ ဘယ်မှာရှိမယ်ဆိုတာ အကြောင်းကြားမှ အိုအေဂျီက ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ဝန်ကြီးချုပ်ဟောင်း ယင်လပ်လို့ ယူဆရတဲ့ အမျိုးသမီးတဦး လန်ဒန်မှာ ဈေးဝယ်တဲ့ပုံ ထွက်ပေါ်လာပါတယ်။ သန်းကြွယ်သူဌေး မစ္စတာ ဗိုရာယု့ဒ်ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလတုန်းက ဘန်ကောက်မှာ မော်တော်ဆိုင်ကယ်စီးလာတဲ့ရဲကို အမြန်မောင်းလာတဲ့ ဖယ်ရာရီကားနဲ့တိုက်မိပြီး ရဲသေဆုံးသွားတဲ့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အဖမ်းခံဖို့ ထွက်ပြေးတိမ်းရှောင်နေခဲ့တာလို့ ဆိုပါတယ်။ ခုချိန်မှာ သက်ဆင်က ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြား ဖွင့်ခဲ့တဲ့ အမှု ၄ ခုနဲ့ တရားရင်ဆိုင်နေရပြီး စည်းကြပ်ခွန်အမှုနဲ့ ခွန်ထိုင်းဘဏ်ငှားရမ်းမှု ၂ မှုကိုတော့ အိုအေဂျီက အမှုဖွင့်ခဲ့တယ် အိတ်ဇင်ဘဏ် (Exiam Bank) ငှားရမ်းမှုနဲ့ အွန်လိုင်းထီအမှုကတော့ အမျိုးသား လာဘ်ပေးလာဘ်ယူ ဆန့်ကျင်ရေး ကော်မရှင်က အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။ ၂၀၀၈ ခုနှစ်က ရက်ချာဒါဖိဆက်လမ်းပေါ်က မြေကို အစိုးရရောင်းချမှုမှာ သက်ဆင်က အာဏာအလွဲသုံးစားလုပ်ခဲ့ပြီး တရားရုံးက တရားစွဲဆိုမှု မထုတ်ပြန်ခင် အချိန်တိုလေးမှာပဲ သက်ဆင်က နိုင်ငံခြားကို ထွက်ပြေးခဲ့တာပါ။ ဆက်သွယ်ရေးလုပ်ငန်း အခွန်ပြောင်းလဲမှုက လွန်ခဲ့တဲ့ ၁၅ နှစ် အစိုးရက လုပ်ပိုင်ခွင့် ပေးတဲ့အချိန်က စခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ တီအိုတီ (TOT) နဲ့ စီအေတီ (CAT) ဆက်သွယ်ရေးလုပ်ငန်းတွေက နိုင်ငံပိုင်ဖြစ်နေပါပြီ။ အစိုးရဌာန ၂ ခုက သက်ဆင်ပိုင် ဆက်သွယ်ရေး ကုမ္ပဏီရဲ့ အမြတ်ရှယ်ယာငွေတွေ ယူခဲ့ပြီး ကုန်ကျစရိတ်တွေ နုတ်ကာ ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အထက်တရားရုံးရဲ့ နိုင်ငံရေးရာထူး ရယူထားသူတွေအတွက် စီရင်တဲ့ ရာဇဝတ်ဌာနခွဲက အမှုပေါင်းများစွာကို သက်ဆင် ကျူးလွန်ခဲ့လို့ သူပိုင်ငွေ ဘတ် သန်း ၄၆ ဘီလျံကို သိမ်းဆည်းခဲ့ပါသေးတယ်။ စည်းကြပ်ခွန်အမှုက ကော်ပိုရေးရှင်းအပေါ် မမျှတဘူးလို့ဆိုတဲ့ ရှင်းကော်ပိုရေးရှင်း ဆက်သွယ်ရေးကုမ္ပဏီကြီးကို သက်ဆင် ၁၉၈၃ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ၂၀၀၆ ခုနှစ် အစောပိုင်းမှာ ရောင်းချခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

December 23, 2017

အတက်ရောဂါ ကုသနိုင်ရန် အတက်ရောဂါအထောက်ကူပြုအဖွဲ့ ဖွဲ့စည်း

အတက်ရောဂါတွေကို ထိထိရောက်ရောက်ကုသနိုင်ဖို့အတွက် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်အရ အတက်ရောဂါအထောက်အကူအပြုအဖွဲ့ကို စတင်ဖွဲ့စည်းနေပြီ ဖြစ်ပါတယ်။ ဒီအဖွဲ့က အဓိကအားဖြင့် အသိပညာဖြန့်ဝေတာ၊ ကုသမှုခံယူနနိုင်အောင် ဆက်သွယ် ဆောင်ရွက်ပေးတာ၊ ရောဂါကြောင့်ကြုံတွေ့နေရတဲ့ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို တိုင်ပင်ဆွေးနွေးအဖြေရှာတာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီအဖွဲ့ကို ကျန်းမာရေး ဝန်ထမ်းတွေသာမကဘဲ အတက်ရောဂါရှိတဲ့ မိသားစုဝင်ပါ ပါဝင်ဖို့ အရေးကြီးတယ်လို့ အဖွဲ့ကို တည်ထောင်တဲ့သူတွေက ပြောပါတယ်။ ဒီအဖွဲ့မှာ ပါဝင်လိုတယ်ဆိုတော့ ၀၉၂၅၉၂၈၆၆၈၀၊ ၀၉၂၆၄၇၇၃၂၇၇၊ ၀၉၅၆၀၀၁၇၉ နဲ့ ၀၉၉၇၄၂၈၆၀၈၉ တို့ကို ဆက်သွယ်ပါဝင်နိုင်ပါတယ်။
4 years Ago
More News
Up