ဖြေလျှေ

August 8, 2020

ပြည်ပသွင်းမော်တော်ယာဉ် မှတ်ပုံတင်ခ နှုန်းထား ဖြေလျှော့လိုက်သဖြင့် ကားစျေးနှုန်း ကျဆင်းနိုင်

လူစီးမော်တော် ယာဉ်တွေအတွက် မူလတန်ဖိုး(FOB)အပေါ် ကောက်ခံနေတဲ့ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားတွေကို သြဂုတ်လ ၇ ရက်နေ့ က စတင်ပြီး လျှော့ချ ကောက်ခံလိုက်တာကြောင့် ကားစျေးနှုန်း ကျဆင်းသွားနိုင်တယ်လို့ မော်တော်ယာဉ် အရောင်းအဝယ် လုပ်သူတွေက သုံးသပ်ကြပါတယ်။ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဉီးစီးဌာနက  ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေကို ကုစားတဲ့အနေနဲ့ လက်ရှိနှုန်းထားရဲ့ ထက်ဝက်ရာခိုင်နှုန်းစီကိုလျော့ချ သတ်မှတ်ပေးလိုက်တာလို့ သိရပါတယ်။ ဒါ့ကြောင့် SKD စနစ်နဲ့ထုတ်လုပ်နေတဲ့ ကားတွေက ၅ ရာခိုင်နှုန်းထိ ကျဆင်းသွားနိုင်ပြီး ​ပြည်ပက အစီးလိုက်တင်သွင်းတဲ့ ကားတွေကတော့၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ ကျနိုင်တယ်လို့ မော်တော်ယာဉ် အရောင်းအဝယ် လုပ်သူတွေက သုံးသပ်ထားကြတာပါ။ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ​ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက "အကောက်ခွန်ကလည်း ဖြေလျော့ထားတာရှိတယ်။ ကညနကလည်း ထပ်ဖြေလျော့ပေးလိုက်ပြီဆိုတော့ အဓိက ပြည်ပကနေ တင်သွင်းတဲ့ ကားတွေ စျေးနှုန်း သက်သာသွားမဲ့ သဘောရှိတယ်။ အဓိက က နှစ်ပိုင်းရှိတယ်။ ပြည်တွင်း SKD စနစ်နဲ့ ထုတ်တဲ့ ကားတွေကတော့ စျေးအများကြီး မကျနိုင်ဘူး။ ကညန နဲ့ ပတ်သက်ပြီး အခွန်မဆောင်ရဘူး။ အစီးလိုက် သွင်းတဲ့ ကားတွေကတော့ အထိုက်အလျောက်ကျနိုင်တယ်" လို့ ပြောပါတယ်။ ဒီလိုကောက်ခံရာမှာ လူစီးယာဉ်အမျိုးအစားထဲက စက်စွမ်းအား ၁၃၅၀ စီစီ နဲ့ အောက် ကားတွေကို  ၃၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း၊ စက်စွမ်းအား ၁၃၅၁ စီစီ ကနေ၂၀၀၀ စီစီ အထိကို ၅၀ ရာခိုင်နှုန်းကနေ ၂၅  ရာခိုင်နှုန်း လျှော့ချသတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်စွမ်းအား ၂၀၀၁ စီစီ ကနေ ၅၀၀၀ စီစီအထိကို ၈၀ ရာခိုင်နှုန်းကနေ ၄၀  ရာခိုင်နှုန်း၊ စက်စွမ်းအား ၅၀၀၁ စီစီနဲ့ အထက်ကို ၁၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လျော့ ချသတ်မှတ်သွားမယ်လို့ သိရပါတယ်။ စိုးချစ်ပိုင်
8 months Ago

June 20, 2020

စင်ကာပူတွင် ကန့်သတ်ချက်များ ဖြေလျှော့၊ အရောင်းဆိုင်များတွင် ဈေးဝယ်သူများပြား

စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဖြေလျှော့နေတာမို့ ဇွန် ၁၉ ရက်က စင်ကာပူနိုင်ငံသားတွေ ဆိုင်မှာ သွားစားတာနဲ့ ဈေးဝယ်ထွက်တာတွေ လုပ်နေကြပါတယ်။ ဧပြီလအစောပိုင်းကစလို့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံတွေအရ လူစုလူဝေးကို တားမြစ်ထားတာပါ။  အဲဒီအချိန်တုန်းက မရှိမဖြစ် သုံးရမယ့်ပစ္စည်းဆိုင်တွေကလွဲလို့ လက်လီဆိုင်အကုန်လုံး ပိတ်ခဲ့ရသလို စားသောက်ဆိုင်တွေဆိုလည်း delivery နဲ့သာ  လုပ်ကိုင်ခဲ့ရပါတယ်။ ဇွန် ၁၉ ရက်နေ့မှာတော့ အော့ချပ်လမ်းမပေါ်က Rolex နဲ့ Gucci လို နာမည်ကြီး အရောင်းဆိုင်တွေမှာ ဈေးဝယ်သူတွေ တန်းစီနေခဲ့ပါတယ်။  အလားတူ လက်ဖက်ရည်ဆိုင်တွေ ပြန်ဖွင့်ခဲ့ပြီး ဖောက်သည်တွေ လာရောက်အားပေးနေကြ ပါတယ်။ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူက ၄၁,၀၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အင်ဒိနီးရှားနောက် ဒုတိယအများဆုံးဖြစ်ပါတယ်။ ကူးစက်သူ အများစုဟာလည်း ရွှေ့ပြောင်းလုပ်သား အဆောင်တွေက ဖြစ်တယ်လို့  ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။ 
10 months Ago

ပြည်ဝင်ခွင့် ကန့်သတ်ချက်အချို့ ဖြေလျှော့မည်ဟု ဂျပန်ဝန်ကြီးချုပ် ပြော

ဂျပန်နိုင်ငံဟာ သြစတြေးလျ၊ နယူးဇီလန်၊ ထိုင်းနဲ့ ဗီယက်နမ်တို့က လာတဲ့လူတွေအပေါ် ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဇွန် ၁၈ ရက်မှာ ပြောပါတယ်။ ဂျပန်ဟာ နိုင်ငံပေါင်း ၁၀၀ ကျော်ကို ပြည်ဝင်ခွင့် တားမြစ်ပိတ်ပင်ထားတာပါ။ မကြာခင်မှာ ပြည်ဝင်ခွင့် ပြန်ပေးရေး ၄ နိုင်ငံနဲ့ စပြီး ညှိနှိုင်းဆွေးနွေးတော့မယ်လို့ အာဘေးက လွှတ်တော် အစည်းအဝေးပိတ်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးကို နဂိုအတိုင်း ပြန်ဖြစ်အောင် လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ မဲဝယ်တဲ့ သံသယနဲ့ အထက်လွှတ်တော်အမတ် ခဝါအိ အန်းရီ နဲ့ ခင်ပွန်းဖြစ်သူ တရားရေးဝန်ကြီးဟောင်း ခဝါအိ ခတ်ဆုယုခီတို့ကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဒီရာထူးခန့်အပ်မိတဲ့အတွက် တာဝန်ရှိကြောင်း အာဘေက ပြည်သူကို တောင်းပန်ခဲ့ပါတယ်။
10 months Ago
Up