ဖြူးနှင့်ကညွတ်ကွင်း

February 21, 2021

ဖြူးနှင့်ကညွတ်ကွင်းတွင် အာဏာသိမ်း စစ်ကောင်စီကို ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြ

ပဲခူးတိုင်း ဖြူးနဲ့ကညွတ်ကွင်းမြို့နယ်တွေ အာဏာသိမ်းစစ်ကောင်စီကို ၁၃ ရက်မြောက်အဖြစ် ဆက်လက်ဆန္ဒပြရာမှာ လူငယ်အမြောက်အမြား ပူးပေါင်းပါဝင်လာကြတာ ကြောင့် အရင်နေ့တွေထက် အားကောင်းလာတယ်လို့ သိရပါတယ်။

ဆန္ဒပြသူ အများစုဟာ အနက်ရောင်တွေ ဝတ်ဆင်လာကြပြီး ပြည်သူ့အရေးတော်ပုံမှာ မမြသွဲ့သွဲ့ခိုင်အပါအဝင် ကျဆုံးခဲ့တဲ့သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၈ စက္ကန့်ငြိမ်သက်ခဲ့ကြပါတယ်။

တရားမဝင်ဖွဲစည်းထားတဲ့ စစ်ကောင်စီကို အသိအမှတ်မပြု့ကြောင်းနဲ့ မန္တလေးမြို့နဲ့တခြားဒေသမှာ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူတွေကို ဥပဒေမဲ့ ပစ်ခတ် ဖြိုခွင်းမှုတွေကို ဖြူးမြို့နယ်ပြည်သူတွေက ပြင်းထန်စွာရှုတ်ချတယ်လို့ ဆန္ဒပြ ဦးဆောင်ပါဝင်သူ တစ်ဦးက ပြောပါတယ်။

ကညွတ်ကွင်းမြို့ အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြပွဲမှာပ ညာရေးဌာနက အင်အားအများအပြား ပါဝင်လာတယ်လို့ သိရပါတယ်။

ကျော်အောင်

9 months Ago
Up