ဖြူဖြူကျော်သိန်း

A d v e r t i s e m e n t With Us

August 12, 2020

Cobra နှင့် ဖြူဖြူကျော်သိန်း စုံတွဲသီဆိုထားသည့် “သဝန်တိုတာအရမ်းချစ်လို့”သီချင်း (ရုပ်သံ)

       တေးသံရှင် Cobra နဲ့ ဖြူဖြူကျော်သိန်းတို့ စုံတွဲသီဆိုထားခဲ့ကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။        “သဝန်တိုတာအရမ်းချစ်လို့”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ Cobra က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး The Ugly တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။        “သိပ်ချစ်လွန်းတဲ့ ချစ်သူများကြားမှာ… ဂရုစိုက်လွန်းလို့ ဖြစ်လာတဲ့ ပြဿနာ… သဝန်တိုတာဟာ ငါအရမ်းချစ်လို့… သဘောထားမကြီးတဲ့ ချစ်သူတယောက်အဖြစ် ငါ… နင်… နင်မထားခဲ့နဲ့… ရေ့… နင်… မင်း မထားခဲ့နဲ့”        အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ ဆရာဝန်တယောက်လည်း ဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမတူတဲ့ အမိုက်စား သရုပ်ဖော်တင်ဆက်မှုတွေဟာ ပရိသတ်တွေ ကြား ထင်ရှားလာခဲ့ပြီး ဆယ်စုနှစ်ချီ အောင်မြင်ခဲ့သူ အဆိုတော်တယောက် ဖြစ်လာခဲ့တာပါ။ သူသီဆိုထားတဲ့ လမ်းခွဲ၊ ချယ်ရီလမ်း၊ အရှုံးထက်ပိုသော၊ လှည့်စားလိုက်စတဲ့ သီချင်းတွေဟာ ထင်ရှားသလို တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုမှုတွေဖြစ်တဲ့ အတွင်းကြေ၊ ငါဘုရင်မ စတဲ့ သီချင်းတွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့သူပါ။ လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ “ဆွေးမြေ့အသည်း” သီချင်းနဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ တေးသံရှင် Cobra ကတော့ တေးရေးတယောက်အနေနဲ့ပါ ပရိသတ်တွေက သိထားကြပြီး နောက်ပိုင်းမှာတော့ သီချင်းတွေ သိပ်ထွက်ရှိလာတာမျိူးမရှိပဲ အနုပညာလောကနဲ့ အဆက်ပြတ်နေခဲ့တာပါ။ ခုတခါမှာတော့ “သဝန်တိုတာ အရမ်းချစ်လို့”သီချင်းကို ဖြူဖြူကျော်သိန်းနဲ့ တွဲ ဖက်သီဆိုပြီး ပရိသတ်တွေကို ဘယ်လိုဖမ်းစားနိုင်ဦးမလဲဆိုတာကိုတော့ ဒီရုပ်သံထဲမှာ ရှု စားကြရမှာ ဖြစ်ပါတယ်။ “ချစ်တဲ့စိတ်ကြောင့် မှားတဲ့အပြစ်တခုဟာ… ဝေးသွားလောက်အောင် မထိုက်တန်ဘူး အချစ်ရာ… အလံဖြူထောင်ကာ ငါအရှုံးပေးလိုက်လို့… ဟိုး… မင်းဘက်က လည်း စိတ်ကျေအေးလိုက်ပါ… နင်… နင်မထားခဲ့နဲ့… ရေ့… နင်… မင်း မထားခဲ့နဲ့… အ ချိန်တွေမလွန်ခင် ပြင်ဆင်ပါ… ဒီလိုအချိန်မှာ အရာရာဟာ… မှုန်ဝါးဝါး အဖြစ်မျိုး… ငါ လေတကယ်ကို မကြုံချင်ပါ… ဒီလိုအချိန်မှာ အရာရာဟာ… မှုန်ဝါးဝါး အဖြစ်ဆိုး…” ဒီသီချင်းရုပ်သံကိုတော့ ဇာတ်လမ်းစတိုရီနောက်ခံနဲ့ ဒါရိုက်တာ စေတသိက်က ရိုက်ကူးပုံ ဖော်ထားခဲ့ပြီး Cobra၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ သရုပ်ဆောင် ကျော်ထက်အောင်က ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
7 months Ago

July 10, 2020

ဖြူဖြူကျော်သိန်းနှင့် သိန်းလင်းစိုး သီဆိုထားသည့် “Private Dating”အချစ်သီချင်း(ရုပ်သံ)

       “အချစ်နဲ့ ဝိုင်တခွက်က… တို့နှစ်ယောက်အတွက် သိပ်ကဗျာဆန်သွားလား… လ ရောင်ရယ် ဝိုးတဝါးအောက်က Private Dating ည… အို… မင်းရဲ့ ခါး… နောက်က ထွေးပွေ့ထားတော့ ရင်ခုန်သံတွေ ကြားလား… ရှက်လို့သွားတဲ့ မင်းရဲ့ နှုတ်ခမ်းထက် အကြင် နာတွေ ဖြန့်ခင်းထား”        ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ အချစ်သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြား ရေပန်းစားနေပါတယ်။        “Private Dating” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး တေးဆို သိန်းလင်းစိုးက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ဖြူဖြူကျော်သိန်းနဲ့ လိုက်ဖက်ညီညီနဲ့ စုံတွဲ သီဆိုထားပါတယ်။        “အဝေးသို့ ထွက်လို့ မသွားပါနဲ့… ငါထွက်သွားဖို့လည်းပဲ မတောင်းဆိုနဲ့… မင်းရဲ့ အနမ်းတွေကြား ဒီညတော့ မင်းအတွက် ငါ အကျဉ်းသား… အဝေးသို့ ထွက်လို့ မသွား ပါနဲ့… ငါထွက်သွားဖို့လည်းပဲ မတောင်းဆိုနဲ့… မင်းရဲ့ အနမ်းတွေကြား ရင်ခုန်သံတွေ ရိုင်းပြလို့သွား… တို့နှစ်ယောက်ရဲ့ည”        အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ ဆရာဝန်တယောက် လည်းဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမတူတဲ့ အမိုက်စား သရုပ်ဖော်တင်ဆက်မှုတွေဟာ ပရိသတ်တွေ ကြား ထင်ရှားလာခဲ့ပြီး ဆယ်စုနှစ်ချီ အောင်မြင်ခဲ့သူ အဆိုတော်တယောက် ဖြစ်လာခဲ့တာပါ။ သူသီဆိုထားတဲ့ လမ်းခွဲ၊ ချယ်ရီလမ်း၊ အရှုံးထက်ပိုသော၊ လှည့်စားလိုက်စတဲ့ သီချင်းတွေဟာ ထင်ရှားသလို တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုမှုတွေဖြစ်တဲ့ အတွင်း ကြေ၊ ငါဘုရင်မ စတဲ့ သီချင်းတွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့သူပါ။ လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ သိန်းလင်းစိုးကတော့ အာရ်အဲန်ဘီအမျိုးအစား သီချင်းတွေနဲ့အတူ လူသိများပြီး T-Virus ၊ Vitamin-T စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး သီချင်းတွေ ကိုယ်တိုင်ရေးသားသီဆိုနေသလို တဖက်မှာလည်း သရုပ်ဆောင်အနုပညာအလုပ်တွေကိုလည်း လုပ်ဆောင်နေသူ တယောက်ဖြစ်ပါတယ်။ ခုသီချင်းထဲမှာတော့ ချစ်သူနှစ်ယောက်ကြားက သီးသန့် Private Dating အကြောင်း ရိုမန့်တစ်ဆန်ဆန် တေးသွားစာသားတွေနဲ့ ခံစားနားဆင်ကြရမှာဖြစ်ပြီး သူတို့ နှစ်ယောက်ရဲ့ မတူညီကွဲပြားတဲ့ အသံ၊ ဂီတ ဖန်တီးမှုတွေနဲ့အတူ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီသီချင်းရုပ်သံကိုတော့ V7 Entertainment နဲ့ Joox  တို့ကနေတဆင့် ဖြန့်ချိပေးထားခဲ့တာ ဖြစ်ပါတယ်။
8 months Ago
More News
Up