ဖြိုခွဲ

May 14, 2021

ကျောက်မဲမြို့တည် ၁၁၉ နှစ်ပြည့်နှစ်ပတ်လည်နေ့ မြို့လုံးကျွတ်အထွေထွေသပိတ် ဖြိုခွဲခံရ

မေ ၁၄ ရက် ဒီကနေ့ ကျရောက်တဲ့ ၁၁၉ နှစ်ပြည့် ကျောက်မဲမြို့တည် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မြို့လုံးကျွတ်အထွေထွေသပိတ် ပြုလုပ်ခဲ့ရာမှာ အကြမ်းဖက် စစ်အုပ်စုက လာရောက်  ဖြိုခွဲခဲ့ပါတယ်။ 

သပိတ်ကို အကြမ်းဖက်စစ်အုပ်စုမှ လာရောက်ဖြိုခွဲခဲ့ပေမယ် မြို့ခံ ပြည်သူလူထုတွေက အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပြီး ပြန်လည်စုစည်းကာ  ဆက်လက်ချီတက် ဆန္ဒပြခဲ့ပါတယ်။ 

3 days Ago

November 3, 2019

ဟောင်ကောင်ဆန္ဒပြပွဲ ရဲက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ဖြိုခွဲ၊ ဆန္ဒပြသူအချို့ ဖမ်းဆီးခံရ

ဟောင်ကောင်ရဲတွေဟာ နိုဝင်ဘာ ၂ ရက်က ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေနဲ့ ဖြိုခွဲပြီး ဆန္ဒပြသူဒါဇင်နဲ့ချီပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဆန္ဒပြချီတက်ပွဲဟာ ရဲတွေရဲ့ တရားဝင် ခွင့်ပြုချက်အရ ချီတက်ခဲ့တာကြောင့် ဗဟိုစီးပွားရေးခရိုင်ထဲမှာရော ဝမ်ချိုင်းအရပ်က ပန်းခြံထဲမှာပါ ဆန္ဒပြသူတွေကို ဖမ်းခဲ့တာဖြစ်ပါတယ်။ အနက်ရောင်ဝတ်စုံနဲ့မျက်နှာဖုံးတွေကို ဝတ်ဆင်ထားသူအများစု ပါဝင်တဲ့ ထောင်ချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဟောင်ကောင်ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေသုံး လူစုခွဲခဲ့ပါတယ်။် အရေးပေါ်ဥပဒေအရ မျက်နှာဖုံးတွေကို မဝတ်ဖို့လည်း တားမြစ်ပိတ်ပင်ထားပါတယ်။ ဟောင်ကောင်က လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ နေရာယူထားတာ ငါးလလောက်ရှိပြီး တခါတရံမှာ  အကြမ်းဖက် မတည်ငြိမ်မှု အဆင့်ထိ ရောက်သွားလေ့ ရှိပါတယ်။ ဟောင်ကောင်ရဲ့ တရားရေးစနစ်အပါအဝင် လွတ်လပ်ခွင့်တွေကို တရုတ်ပြည်မကြီး အစိုးရက ကန့်သတ်နေတယ်လို့ ရှုမြင်ဒေါသထွက်ပြီး ခုလို မတည်မငြိမ် ဖြစ်နေတာပါ။  ဆန္ဒပြသူတွေရဲ့  စွပ်စွဲချက်ကိုတော့ တရုတ်ပြည်မကြီး အစိုးရက ငြင်းဆိုထားပါတယ်။
2 years Ago
Up