ဖြတ်သန်း

A d v e r t i s e m e n t With Us

December 21, 2020

တရုတ်စစ်သင်္ဘောအုပ်စု ထိုင်ဝမ်ရေလက်ကြား ဖြတ်သန်းလာသဖြင့် လုံခြုံရေးတပ်လှန့်

တရုတ်ရဲ့ နောက်ဆုံးထုတ်လုပ်ထားတဲ့ လေယာဉ်တင်သင်္ဘော ရှန်တုန်းပါဝင်တဲ့ သင်္ဘော အုပ်စုဟာ အကဲဆတ်တဲ့ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းလာလို့ ထိုင်ဝမ် ရေတပ်နဲ့ လေတပ်ကို ဒီဇင်ဘာ ၂၀ ရက်မှာ တပ်ချထားပါတယ်။ ဒီလမ်းကြောင်းကနေ အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းသွားပြီးနောက်နေ့မှာ တရုတ်က ခုလို လုပ်တာပါ။ တရုတ်ပြည်မကြီး အစိုးရနဲ့ ထိုင်ဝမ်အစိုးရတို့ကြား တင်းမာမှု တိုးနေချိန်မှာ တရုတ် လေယာဉ်တင် သင်္ဘောက ထိုင်ဝမ်ကျွန်းနားကနေ ဖြတ်မောင်းတာဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။  ဒီမိုကရေစီစနစ်နဲ့ ကိုယ်စိုးကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီး အစိုးရက သူတို့ ပိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။   ထိုင်ဝမ်ကတော့ တရုတ်လေတပ်က လေယာဉ်တွေ ထိုင်ဝမ်ကျွန်းနားကို ပုံမှန်ပျံသန်းမှု အပါအဝင် တရုတ်စစ်ဆင်ရေးလေ့ကျင့်မှု ထပ်ခါတလဲ လှုပ်ရှားနေတာကို မကျေမနပ် ပြောဆိုခဲ့ ပြီးပါပြီ။  တရုတ်ကတော့ သူ့နိုင်ငံ အချုပ်အခြာကို ကာကွယ်ဖို့ ရည်မှန်းပြီး စစ်ရေးလေ့ကျင့်နေတာ လို့ ပြောထားပါတယ်။  ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရှန်တုန်း လေယာဉ်တင် စစ်သင်္ဘောဟာ တခြား စစ်လေယာဉ် ၄စီး ခြံရံပြီး တရုတ်နိုင်ငံမြောက်ပိုင်း တာ့လျန် ဆိပ်ကမ်းကနေ ကြာသပတေးနေ့က ထွက်လာတာလို့ ပြောပါတယ်။ စစ်သင်္ဘောအုပ်စုဟာ ထိုင်ဝမ်ရေလက်ကြားကို တနင်္ဂနွေနေ့က ဖြတ်သန်းပြီး တောင်ဘက်ကို ဆက်ထွက်သွားနေတယ်လို့ ဆက်ပြောပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ပါဘူး။  တရုတ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ စစ်သင်္ဘော ၆ စီး၊ စစ်လေယာဉ် ၈ စီးကို အစောင့်ချထားတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။  တရုတ်ပြည်မကြီးအစိုးရဟာ ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချမှု အသစ်နဲ့ အမေရိကန်အကြီးတန်း အရာရှိတွေ ထိုင်ပေကို သွားရောက်လည်ပတ်မှု တိုးလာတာကို ဒေါသ ထွက်နေခဲ့တာပါ။ ဒါကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေး မပြေပြစ်မှု တိုးလာပါတယ်။  ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ကတော့ လေယာဉ်တင်သင်္ဘောကို ဖျက်နိုင်တဲ့ ကိုယ်ပျောက် တိုက်ခိုက်ရေးယာဉ်လို ပစ္စည်းသစ်တွေကို ထုတ်သုံးပြီး ထိုင်ဝမ်စစ်ရေးတိုးတက်အောင် ပြုပြင် မွမ်းမံရာမှာ ကြီးကြပ်နေပါတယ်။ 
2 months Ago

October 31, 2020

ကိုဗစ်-၁၉ နှင့်အတူ ဖြတ်သန်းရမည့် သီတင်းကျွတ်‌ပွဲတော် (ဓာတ်ပုံ)

ဒီကနေ့ဟာ မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်တွေက တန်ခိုးကြီး ဘုရားစေတီပုထိုးတွေမှာ ဆီမီးထွန်းတာ၊ လူကြီးမိဘတွေကို ကန်တော့တာ၊ အလှူအတန်းပြုလုပ် ဖြတ်သန်းလေ့ရှိကြပါတယ်။ အခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာစတင်တွေ့ရှိခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး လူစု‌လူဝေးမပြုလုပ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာချိန်ကစပြီး ဘုရားစေတီပုထိုးတွေမှာလည်း ဖူးမြော်ခွင့်ပိတ်ခဲ့တာပါ။ အခု သီတင်းကျွတ်ကာလကို ကိုဗစ်စည်းစည်းကမ်းတွေနဲ့အညီ နေအိမ်တွေမှာသာ ဖြတ်သန်းရနေကြရတာလည်း ဖြစ်ပါတယ်။  
4 months Ago
Up