ဖြစ်လာမှာမဟုတ်

December 10, 2020

ရီးရဲလ်မက်ဒရစ်၏ ဖာဂူဆန် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဟု နည်းပြဇီဒန်း ပြော

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဖာဂူဆန် ဘယ်တော့မှာဖြစ်လာမှာမဟုတ်ကြောင်း နည်းပြဇီဒန်းက ပြောကြားလိုက်ပါတယ်။ မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ အသင်းကို နှစ်ရှည်ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။  မန်ယူအသင်းမှာ နည်းပြ ဖာဂူဆန် ကိုင်တွယ်သွားခဲ့သလို ရီးရဲလ် မက်ဒရစ်အသင်းမှာလည်း အဲဒီလို နှစ်ရှည်ကိုင်တွယ်ပြီး ရီးရဲလ်အသင်းရဲ့ဖာဂူဆန် ဖြစ်လာနိုင်သလား ဆိုတာကို မီဒီယာတစ်ဦးက မိုချန်ဂလာဘက်နဲ့ ပွဲအပြီးမှာ မေးမြန်းခဲ့တာပါ။ ဖာဂူဆန်လို နည်းပြ ဖြစ်လာမှာမဟုတ်သလို ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘယ်အချိန်အထိ ဆက်ရှိနေမလဲဆိုတာလည်း မသိရှိကြောင်း၊ ရေရှည်အတွက် ဘာမှတွေးမထားဘဲ တစ်ရက်ချင်းသာ အကောင်းဆုံးလုပ်ဆောင်ပြီးဖြတ်သန်းသွားမယ်လို့ နည်းပြဇီဒန်းက ပြော ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ မိုချန်ဂလာဘက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အုပ်စုပထမနေရာ ကနေ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။  
4 months Ago
Up