ဖွင့်ဟ

September 16, 2017

ချဲလ်ဆီးကို ငြင်းဆန်ပြီး စပါးကို ပြောင်းရွှေ့ခဲ့သည့်အကြောင်းရင်း လိုရန်တီ ဖွင့်ဟ

ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး စပါးအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့အ ကြောင်းအရင်းကို တိုက်စစ်မှူး လိုရန်တီက ထုတ်ဖော်ပြေကြား လိုက်ပါတယ်။ စပိန်တိုက်စစ်မှူး လိုရန်တီနဲ့ ချဲလ်ဆီးနည်း ပြကွန်တီတို့ဟာ ဂျူဗင်တပ်အသင်းမှာ အတူလက်တွဲခဲ့ဖူးကြတာပါ။ နည်းပြကွန်တီက ခေါ်ယူဖို့ ဆက်သွယ်ခဲ့ပေမယ့် စပါးနည်းပြ ပိုချက်တီနိုရဲ့ ဖုန်းခေါ်ဆိုဆက်သွယ်မှုက သူ့ကိုဆွဲဆောင်စေခဲ့တယ်လို့ လိုရန်တီက ပြောပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ခြေစွမ်းတိုးတက်လာသလို မိမိနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ပြီး ကောင်းမွန်တဲ့ စီမံကိန်းတွေရှိတာကြောင့် ချဲလ်ဆီအသင်းကို ငြင်ဆန်ပြီး စပါးအသင်းကို ရွေးချယ်ခဲ့တာလို့ လိုရန်တီကဆက်ပြီးပြောပါတယ်။ စပါးနည်းပြ ပိုချက်တီနိုကို ကစားသမား ဘ၀တုန်းကတည်းက သိရှိထားပြီး သူရှိနေတာက စပါးအသင်းကို ပြောင်းရွှေ့ရခြင်းရဲ့အဓိက အချက်ဖြစ်တယ်လို့လည်း လိုရန်တီကဆိုပါတယ်။ အသက် ၃၂ နှစ်ရှိ လိုရန်တီဟာ ဒီနှစ်နွေရာသီက ဆွမ်ဆီးအသင်းကနေ ပေါင် ၁၂ သန်းနဲ့ စပါးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
4 years Ago
Up