ဖျော်ပေးသည့်

December 7, 2019

စက်ရုပ် ဖျော်ပေးသည့် ကော်ဖီဆိုင် (ရုပ်သံ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စီလီကွန်ဗယ်လီဒေသက ဆန်ဟိုဆေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စက်ရုပ်က ကော်ဖီဖျော်ပေးတဲ့ ကော်ဖီဆိုင်ကို ဒီဇင်ဘာ ၃ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။  CafeX ကုမ္ပဏီက ဖွင့်လိုက်တဲ့ အဲဒီဆိုင်မှာ စက်ရုပ်က ကော်ဖီဖျော်ပြီး ဝန်ဆောင်မှုပေးတဲ့ စနစ်ပါ။  လက်နှစ်ဖက်ပါတဲ့ အဲဒီစက်ရုပ်ဟာ အမှာစာ ၁၀ ခုကို မိနစ်ပိုင်းအတွင်း ဝန်ဆောင်မှု ပေးနိုင်တယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  အဲဒီစက်ရုပ်ဟာ လက်ဖျော်ကော်ဖီ ရောင်းချတဲ့လုပ်ငန်းမှာ ကမ္ဘာ့အဆင့်အမြင့်ဆုံး စနစ် ဖြစ်တယ်လို့လည်း CafeX ကုမ္ပဏီက ပြောပါတယ်။  ဒါ့အပြင် ကယ်လီဖိုးနီးပြည်နယ်ထွက် ကော်ဖီစေ့နဲ့ မွေးမြူရေးခြံက နွားနို့ စတဲ့ ဒေသထွက် ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။
2 years Ago
Up