ဖျားနာသူ

A d v e r t i s e m e n t With Us

March 29, 2020

ရန်ကုန်-ချောက် အမြန်ယာဉ်ပေါ်တွင် ဖျားနာသူနှစ်ဦး ပါလာသဖြင့် ကျန်းမာရေးစစ်ဆေး

မကွေးတိုင်း၊ ချောက်မြို့မှာ မတ်လ ၂၈ ရက်နေ့ ညနေ ၆ လောက်က ရန်ကုန်-ချောက် ခရီးသည်တင်ယာဉ်တစီးပေါ် ဖျားနာသူ အမျိုးသား နှစ်ဦး လိုက်ပါလာကြောင်းသတင်းအရ  ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ ချောက်မြို့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး မြို့နယ်ဆရာကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ "အဖျားက ၁၀၀ မကျော်ပါဘူး။ သူတို့ရဲ့ နေရပ်လိပ်စာတောင်းပြီး ပြန်လွှတ်လိုက်တယ်၊ ကျောက်ပန်းတောင်းမြို့က။ ဖျားလို့ဆိုပြီး မြို့နယ်အထွေထွေအုပ်ရေးမှူးဆီ လှမ်းပြောတာ။ ဥက္ကဋ္ဌကတဆင့် အဆက်အသွယ် သတင်းရတာပါ။" မြသရဖူ မှန်လုံအမြန် ယာဉ်ပေါ် ဖျားနာနေတဲ့ အမျိုးသားနှစ်ဦးက ကိုယ်အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက် ကျော်လွန်ခြင်း မရှိကြောင်း၊ ချောင်းဆိုး၊ နှာဆေး၊ အသက်ရှူလမ်းကြောင်း အသက်ရှူကြပ်ခြင်း စတဲ့ သံသယလက္ခဏာတွေလည်း မရှိတဲ့အပြင် ပြည်ပနိုင်ငံတွေက ပြန်လာသူတွေမဟုတ်ဘဲ ချောက်မြို့နဲ့ ဆိပ်ဖြူမြို့နယ်တို့မှာ နေထိုင်သူတွေလို့ ဆိုပါတယ်။ အဆိုပါ ဖျားနာသူ ၂ ဦးအပြင် ယာဉ်ပေါ်လာသူ ၄၄ ဦးနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကိုလည်း  မြို့နယ်တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနက အပူချိန်တိုင်းတာနဲ့ မှတ်တမ်းယူတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဝေးပြေ မော်တော်ယာဥ်လိုင်းများအနေနဲ့ ယာဉ်မထွက်မီနဲ့ဆိုက်ရောက်ပြီး ချိန်တွေမှာ ဆေးဖျန်းတာတွေ လုပ်နေသလို ယာဉ်ပေါ်ပါ ခရီးသည်တွေကို ယာဉ်ပေါ်မတက်မီနဲ့ ထမင်းစားနားချိန်တွေမှာ လက်ဆေးခိုင်းတာတွေ ဆောင်ရွက်ခိုင်းနေတယ်လို့ မြသရဖူ ယာဉ်လိုင်း ဂိတ်ပိုင် ဦးသိန်းလွင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ၈ ဦးအထိ ရှိလာပြီးနောက် ချောက်မြို့နဲ့ ဆိပ်ဖြူမြို့တို့မှာ နိုင်ငံခြားက ပြန်လာသူတွေကို စောင့်ကြည့်နေပြီး စာရင်းပေးဖို့ ပျက်ကွက်ပါက အရေးယူသွားမယ်လို့ သိရပါတယ်။
11 months Ago

March 16, 2020

မောက်မယ်မြို့နယ် ဟံးဗွာရွာက ဖျားနာသူများ သက်သာလာ

ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု ဗန်းမက်ဒေသ ဟံးဗွာရွာမှာ ဖျားနာသူတွေ သက်သာလာပြီး ကိုရိုနာဗိုင်းရပ် ရောဂါလက္ခဏာ မတွေ့ဘူးလို့ စောင့်ကြည့်ကုသနေတဲ့ဆရာမက ပြောပါတယ်။ ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (PHWC) အဖွဲ့က ပထမရက် သွားရောက်ကုသချိန်မှာ လူနာ ၅၀ ကျော်ရှိခဲ့ပေမယ့် မတ်လ ၁၅ ရက်နေ့မှာ ဖျားနာလူနာ ၃ ဦး၊ ချောင်းဆိုးနှာစေးသူ ၂၂ ဦးရှိပြီး ဒီနေ့မှာတော့ ဖျားနာသူ မရှိတော့ဘဲ ချောင်းဆိုးနှာစေးသူ ကလေးလူကြီး ၁၄ ဦးသာကျန်ရှိတယ်လို့ သိရပါတယ်။ “မနေ့က ကြည့်တဲ့လူနာထဲမှာအဖျား ၃ ဦးတွေ့တယ် သက်သာသွားပြီ။ ချောင်းဆိုး နှာစေးတဲ့ လူနာထဲမှာလည်း သက်သာသွားပြီ ကိုရိုနာဗိုင်းရပ် ရောဂါလက္ခဏာနဲ့ပတ်သက်ပြီး မတွေ့ပါဘူး”လို့ ဗန်းမက်ရွာဆေးခန်း သားဖွားဆရာမ နန်းထက်ယမင်းအောင်က ပြောပါတယ်။ မြို့နယ်ကျန်းမာရေးအဖွဲ့ လာရောက်ကြည့်ရှုစောင့်ရှောက်နေပြီဖြစ်ပြီး အဓိက တော်တော်များများက နှာစေးချောင်းဆို ဖျားနာတာဖြစ်ပါတယ်။ “ကျနော်တို့အဖွဲ့က ပထမရက်သွားကြည့်တယ်၊ မောက်မယ်ကဆရာမတွေလာတော့ ကျနော်တို့အဖွဲ့ ပြန်လာလိုက်တယ်။ အရင်ကဖျားနာတာ ကိစ္စမရှိဘူး၊ အခုက covid 19 ကာလလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးအ ရစောင့်ကြည့်ရမှာပဲ။ အဲဘက်ဒေသက လမ်းပန်း ဆက်သွယ်ရေးခက်ခဲတယ်။ တော်ရုံတန်ရုံ ဖျားနာတာလောက်က ဘယ်သူမှ ဆေးခန်းမသွားဘူး။ သွားဖို့လည်း ဆေးခန်းနဲ့ရွာက အဝေးကြီးပဲ ကျနော်တို့ အနေနဲ့ အဲဒေသမှာ တရွာဝင်တရွာထွက် အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (PHWC) ဒါရိုက်တာ ခွန်စည်သူက ပြောပါတယ်။ ဟံးဗွာရွာမှာ အိမ်ခြေ ၃၄ အိမ်ရှိပြီး လူဦးရေ ၁၉၈ ရှိကာ ပထမရက် အစိုးရ ဝန်ထမ်းမရောက်မီအချိန်က ကလေးလူကြီး ဖျားနာသူ ၅၀ ကျော်ရှိခဲ့ပါတယ်။ လက်ရှိ ဖျားနာ၊ ချောင်းဆိုးနှာစေးသူကို ဗန်းမက်ဆေးပေးခန်း သားဖွားဆရာမက အနားကပ်ကြည့်ရှုစောင့်ရှောက်ပေးနေပြီး ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီက PHWC အဖွဲ့က ပြန်သွားပြီလို့သိရပါတယ်။ ထိုဒေသမှာ မြို့က ဆေးရုံ၊ ဆေးခန်းတွေ သွားရောက်ကုသရန်ဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် PHWC အဖွဲ့ က ကွင်းဆင်းကုသမှုတွေ ပြုလုပ်ပေးနေတာပါ။ ဗန်းမက်ဒေသမှာ ပြီးခဲ့တဲ့မတ်လ ၆ ရက်နေ့က လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ရှမ်းပြည်နယ် အစိုးရအဖွဲ့များက ကွင်းဆင်းလေ့လာခဲ့ပြီးဖြစ်ပါတယ်။ Photo ဗန်းမက်သွားဖွားဆရာမ ခွန်ရာဇာ
12 months Ago
Up